အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Politico ၏ အစီရင်ခံစာအရ အမေရိကန် အာဏာပိုင်များသည် အီရန်ကို စစ်ရေးတိုက်ခိုက်မှု ပြုလုပ်ပါက ဖြစ်လာနိုင်သည့် အကျိုးဆက်များအပေါ် အလွန်စိုးရိမ်လျက်ရှိကြောင်း သိရသည်။
အစီရင်ခံစာအရ ဝါရှင်တန်၏ စစ်ရေးတွက်ချက်မှုများတွင် အဓိက သတ်မှတ်ချက် ၂ ချက် ပါဝင်နေပါ တယ်။ ၎င်းနှစ်ချက်မှာ -
(၁) အမေရိကန်၏လက်နက်စတော့ခ်များအလွန်လျော့နည်းသွားနိုင်ခြေ (၂) အမေရိကန် စစ်သားများ ထိခိုက် သေဆုံး နိုင်ခြေ ဖြစ်ပါတယ်။
အရင်းအမြစ်အဆိုအရ အီရန်အပေါ် စစ်ရေးရွေးချယ်မှုကို အကောင်အထည်ဖော်ပါက အမေရိကန်၏ လက်နက်စတော့ခ်များ အလွန်လျော့နည်းသွားနိုင်ခြေ သည် အဓိက စိုးရိမ်ချက်တစ်ရပ်ဖြစ်ပါတယ်။ အထူးသဖြင့် အမေရိကန်သည် ကမ္ဘာ့ဒေသအမျိုးမျိုးတွင် စစ်ရေးတာဝန်များကို တစ်ပြိုင်နက်တည်း ထမ်းဆောင်နေရသည့် အခြေအနေတွင် ယင်းစိုးရိမ်ချက်ကို ထည့်သွင်းစဉ်းစားနေရခြင်းဖြစ်ပါတယ်။
ထို့အပြင် အမေရိကန် စစ်သားများ ထိခိုက်သေဆုံးနိုင်ခြေသည်လည်း အရေးကြီးသော အတား အဆီး တစ်ရပ်ဖြစ်သည်ဟု ဖော်ပြထားပါတယ်။ အရင်းအမြစ်၏ ပြောကြားချက်အရ ဝါရှင်တန်သည် အတက် ကြွဆုံး စစ်ရေးရွေးချယ်မှု ကို အသုံးချပါက အမေရိကန် စစ်သားများ သေဆုံး သို့မဟုတ် ဒဏ်ရာ ရနိုင်ခြေ မြင့်မားပြီး၊ ယင်းသည် အမေရိကန် အစိုးရအတွက် နိုင်ငံရေးနှင့် စစ်ရေး အကျိုး ဆက်များ အလွန်ကြီးမားစေနိုင်ပါတယ်။
ထိုအချိန်တွင် ထရမ့် ၏ ကိုယ်စားလှယ် ဝစ်တကာဖ် နှင့် အီရန်နိုင်ငံခြားရေးဝန်ကြီး ဆယက်ဒ် အဘာစ် အီရတ်က်ကျီ တို့သည် ဂျဗနီဗာ မြို့တွင် အိုမန်နိုင်ငံ၏ ကြားခံအနေဖြင့် တိုက်ရိုက်မဟုတ်သည့် ဆွေးနွေးပွဲများ ပြုလုပ် လျက်ရှိ ကြောင်း သိရပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment