၁ မတ် ၂၀၂၆ - ၁၉:၃၇
ဇီယွန် ဝါဒီအစိုးရ နှင့် အမေရိကန်တို့၏ ရက်စက်ယုတ်မာ စွာ တိုက်ခိုက်မှုများအတွင်း အီရန် လက်နက်ကိုင် တပ်ဖွဲ့မှ ဗိုလ်ချုပ်များ ရှဟီးဒ် ဖြစ်

ဖေဖော်ဝါရီလ ၂၈ ရက်နေ့ စနေနေ့တွင် အမေရိကန် နှင့် ကျူးကျော်သူ ဇီယွန်ဝါဒီအစိုးရတို့၏ ရက်စက် ယုတ်မာ ပြီး ယောက်ကျား မပီသ သော တိုက်ခိုက်မှုများကြောင့် အီရန် လက်နက်ကိုင်တပ်ဖွဲ့မှ ဗိုလ်ချုပ်များ ရှဟီးဒ် ဖြစ်ခဲ့ ရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Irna သတင်းဌာန ၏ အစီရင်ခံစာအရ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ စနေနေ့ ၂၀၂၆ခုနှစ် တွင်  အမေရိကန် နှင့် ဇီယွန်ဝါဒီအစိုးရတို့၏  ရက်စက် ယုတ်မာပြီး ယောက်ကျားမပီသည့် သည်လေကြောင်းတိုက်ခိုက်မှုများကြောင့် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆယက်ဒ် အဗ်ဒိုရ်ရဟီးမ် မူစဝီ၊ ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ  ၏ စစ်သေနာပတိ ဗိုလ်ချုပ်ကြီး မိုဟမ္မဒ်ပါခ်ပူရ်၊ ခေါင်းဆောင်တော်လှန်ရေး၏ စစ်ရေးဆိုင်ရာ အကြံပေးနှင့် ကာကွယ်ရေးကော်မတီအတွင်းရေးမှူး ရေတပ် ဗိုလ်ချုပ် အလီ ရှမ်ခါနီနှင့် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး အဇီးဇ် နာဆီဇာဒါတို့သည် ရှဟီးဒ်ဖြစ်ခဲ့ ကြပါတယ်။

ဤကျူးကျော်တိုက်ခိုက်မှုသည် ကာကွယ်ရေးကော်မတီ အစည်းအဝေး ကျင်းပနေစဉ်အတွင်း ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါတယ်။

အမေရိကန် လူယုတ်မာ များသည် ဆွေးနွေးညှိနှိုင်း ခြင်း ကို လုပ်နေလျက်  မိမိ ၏ တပည့် အစ္စရေး နှင့်  ပူးပေါင်း တိုက်ခိုက် သည် မှာ ၂ကြိမ် ရှိသွားပြီး ဖြစ်ပါတယ်။ ဤအတွက်ကြောင့် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ   က အမေရိကန်  ကို မယုံသင့်ကြောင်း ကတိတည်သည့်သူများမဟုတ်ကြောင်း အကြိမ်ကြိမ် မိန့်ကြား ခဲ့ခြင်း ဖြစ်ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

အထူးမေတ္တာရပ်ခံချက် - လက်ရှိအခြေအနေတွင် အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ နှင့် အကြမ်းဖက် အမေရိန်၊နယ်ချဲ့ အစ္စရေး တို့ နှင့် စစ်ဖြစ်နေသည့် အတွက် သတင်းများကို ဖေ့ဘုတ်စ် စသည်တို့ တွင် တင်ရန် အခက်အခဲ ရှိနေပါသဖြင့် အဗ်နာသတင်းဌာန ၏ သတင်းများ အထူးသဖြင့် မြန်မာ ဘာသာဖြင့် သတင်းများကို မိမိတို့ ၏ စာမျက်နှာတွင်  share ပေးခြင်း ဖြင့် သတင်းမှန်များ နှင့် အမှန်တရားကို နှစ်သက်လိုလားကြသည့် မြန်မာစာတတ်ပရိတ်သတ် များ သိရှိကြရန် ကူညီပေးကြဖို့ လေးစားစွာ မေတ္တာရပ်ခံအပ်ပါတယ်။

Tags

Your Comment

You are replying to: .
captcha