အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အီရန်အစ္စလာမ်မစ် အစောင့်တပ် ပြန်ကြားရေးဌာနက ထုတ်ပြန်ကြေညာရာတွင်« ဝအ်ဒဟ် ဆွာဒစ်က် စစ်ဆင်ရေး ၄ » (ခ) « စစ်မှန်သည့် ကတိကဝတ် စစ်ဆင်ရေး ၄ » ၏ ဆယ်ကြိမ်မြောက်လှိုင်းအတွင်း အစ္စရေး နိုင်ငံ ၏ ရာဇ၀တ်မှုကျူးလွန်သော ဝန်ကြီးချုပ်၏ ရုံးခန်းနှင့် ထိုနိုင်ငံ၏ လေတပ်ဦးစီးချုပ် တည်ရှိရာနေရာများကို ဆယ်ကြိမ်မြောက်လှိုင်းအတွင်း အစ္စလာမ်မစ်သမ္မတနိုင်ငံ၏ လက်နက်ကိုင်တပ်ဖွဲ့များမှ ခိုင်ဗရ် အမည် ရှိ ဒုံးကျည်များဖြင့် ပစ်မှတ်ထားပြီး အံ့အားသင့်စေသော တိုက်ခိုက်မှုများဖြင့် ပြင်းထန်စွာ ထိခိုက်တိုက်ခဲ့ကြောင်း ဖော်ပြထားပါတယ်။
အီရန်အစ္စလာမ်မစ် အစောင့်တပ် ပြန်ကြားရေးဌာနက ထပ်လောင်းပြီး အစ္စရေး ဝန်ကြီးချုပ်၏ ကံကြမ္မာသည် ဘာဖြစ်မည် မသိကြောင်း ပြောကြားခဲ့ပါတယ်။
ဤကြေညာချက်တွင် ထပ်မံဖြည့်စွက်ပြီး ဆယ်ကြိမ်မြောက်လှိုင်းအတွင်း သိမ်းပိုက်ခံနယ်မြေများအား အီရန်၏ အောင်မြင်သော ဒုံးကျည်တိုက်ခိုက်မှုများသည် အစ္စရေး နိုင်ငံ၏ အစိုးရဌာနချုပ်ကို အဓိကထား တိုက်ခိုက်ခဲ့ ကြောင်း ဤတိုက်ခိုက်မှုများ၏ အောင်မြင်မှုများနှင့် အသေးစိတ်အချက်အလက်များကို နောက်ပိုင်းတွင် ထုတ်ပြန် မည် ဖြစ်ကြောင်း ဖော်ပြထားပါတယ်။
အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု သည် အီရန် နှင့် စစ်စဖြစ်သည့်နေ့မှစ၍ ယနေ့ အထိ လုံခြုံသည့် နေရာများသို့ ထွက်ပြေး တိမ်းရှောင်နေကြောင်း သိရပါတယ်။ ၎င်းသေသွားပြီးဆိုသည့် အထိ မပြုရသေးသည့် သတင်းများ လည်း ထွက်ပေါ်လျက် ရှိပါတယ်။ ၎င်းသေသွားပြီးဆိုသည့် သတင်းသည် အီရန်မှ ဆက်၍ မတိုက်တော့ရန် လုပ်ကြံ ထားသည့် သတင်းအတုလည်း ဖြစ်နိုင်ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment