အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr သတင်းဌာန၏ အစီရင်ခံစာအရ ဇီယွန်နစ် ဝန်ကြီးချုပ် နေတန်ယာဟု ၏ ရုံးခန်းကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း ကြေညာထားပါတယ်။ ကြေညာချက်တွင် အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ၏ လက်နက် ကိုင်တပ်ဖွဲ့များ သည် နေတန်ယာဟု နှင့် ဇီယွန်နစ် လေတပ်၏ အမိန့်ပေး အရာရှိများ နေထိုင်ရာ နေရာများကို ခိုင်ဗရ် ဒုံးကျည်များဖြင့် ရုတ်တရက် ပစ်မှတ်တိကျစွာ ထားပြီး တိုက်ခိုက်ခဲ့သည် ဟု ဖော်ပြထား ပါတယ်။
လက်ရှိအချိန်တွင် နေတန်ယာဟု နှင့် ပတ်သက်၍ အမျိုးမျိုးကွဲပြားသော သတင်းများ ပျံ့နှံ့နေကြောင်း သိရပါတယ်။ တစ်ချို့က သေသွားပြီးဖြစ်ကြောင်း ၊တစ်ချို့ က ဂျာမနီ ထွက်ပြေးသွားကြောင်း ဆိုထားပါတယ်။ တစ်ချို့ကလည်း အီရန် ဆက်မတိုက်တော့အောင် သေသည်ဟု သတင်းအတူ ထုတ်လွှင့်နေသည်ဟု ဆိုပါတယ်။
မည်သို့ ဆိုစေ အီရန်က တော့ နေတန်ယာဟု အလောင်း အားမြင်ရမှာသာလျင် ယုံမည်ဖြစ်ပြီး ရန်သူများ အရှုံးပေးသည့်အထိ ဆက်လက် တိုက်ခိုက် သွားမည် ဟု ဆိုထားပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment