အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Farsnews သတင်းဌာန ၏ အစီရင်ခံစာ အရ ဒုံးကျည်ထိခတ်မှုကြောင့် လေဆိပ်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လေယာဉ် ၂ စင်းသည် ထိုလေဆိပ်တွင် ဆင်းသက်ရန် ကြိုးပမ်းနေစဉ် လေထဲတွင် လှည့်ပတ် ခဲ့ရကြောင်း သိရှိရပါတယ်။
ပျံသန်းမှုဒေတာနှင့် ရုပ်ပုံများအရ လေယာဉ်များသည် အခြေအနေကောင်းမွန်လာပါက ဆင်းသက်နိုင်ရန် စောင့်ဆိုင်း နေစဉ် လေထဲတွင် ဆက်လက် လှည့်ပတ်နေကြောင်း သိရှိရပါတယ်။
ယခင်က တစ်နေ့လျှင် ခရီးသည် ၃၀၀၀၀ ကျော် နှင့် လေယာဉ်ပျံ ၃၀၀ ခန့် ကို လက်ခံဆောင်ရွက်နေသော ယင်းလေဆိပ်သည် ယခုအချိန်တွင် အရေးကြီးသော အကျပ်အတည်းနှင့် ရင်ဆိုင်နေရပြီး ဖြစ်ပါတယ်။
လေဆိပ်၏ နှစ်စဉ် ဝင်ငွေ ဒေါ်လာ ၂ ဘီလီယံ ခန့်လည်း အန္တရာယ်အတွင်း ရောက်ရှိလာပြီး ယင်းလေဆိပ်အပေါ် မူတည်နေသော ကုန်ပစ္စည်း ပို့ဆောင်ရေးကွင်းဆက်များ၊ ပို့ကုန်လုပ်ငန်းများနှင့် ခရီးသွားလုပ်ငန်းများလည်း ထိခိုက်နေကြောင်း ဖော်ပြထားပါတယ်။
ထို့အပြင် အစ္စရေး၏ အရေးကြီးသော ပို့ကုန်များအများစုမှာ နည်းပညာမြင့်ထုတ်ကုန်များ ဖြစ်ပြီး လေကြောင်း ပို့ဆောင်ရေးမှတစ်ဆင့် ပို့ဆောင်ကြသဖြင့် ယခုဖြစ်ရပ်သည် ထိုနိုင်ငံ၏ နိုင်ငံတကာ ကုန်သွယ်ရေးအပေါ် ထပ်မံ ထိခိုက်မှုတစ်ရပ် ဖြစ်လာနိုင်ကြောင်းလည်း ဆိုထားပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment