အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဇီယွန်နစ် အစိုးရ၏ သတင်းဆင်ဆာချမှုများကြောင့် အလွန်အမင်း မယုံကြည်နိုင်သည့် အမှားအယွင်း ပြောကြား ချက်များ ထွက်ပေါ်လာခဲ့ပြီး ထိုထဲတွင် ဇီယွန်နစ်အစိုးရ၏ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော အစီရင် ခံချက်များလည်း ပါဝင်ကြောင်းသိရပါတယ်။
အစ္စရေး ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ မတ်လ ၅ရက်နေ့ ၂၀၂၆ခုနှစ် သောကြာနေ့တွင် ထုတ်ပြန်ကြေညာရာ၌ အီရန် နှင့် စစ်ပွဲစတင်ခဲ့ချိန်မှစ၍ အစ္စရေးရှိ ဆေးရုံများတွင် လူနာ ၁၆၀၀ ကျော်ကို လက်ခံကုသခဲ့ကြောင်း ဆိုထားပါတယ်။
ကျန်းမာရေးဝန်ကြီးဌာန၏ အစီရင်ခံချက်အရ အီရန်နှင့် စစ်ပွဲစတင်ခဲ့ချိန်မှစ၍ အစ္စရေးရှိ ဆေးရုံများတွင် လူနာ ၁၆၀၀ ကျော်ကို လက်ခံကုသခဲ့ကြောင်း သိရပါတယ်။ ယင်းအရေအတွက်တွင် မစ်ဆိုင်းဒုံးတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသူများအပြင် ဗုံးခိုလှုံရာနေရာ များသို့ ထွက်ပြေးသည့်အချိန် ဒဏ်ရာရရှိသူများနှင့် စိတ်ဖိစီးမှုကြောင့် ကုသမှုခံယူရသူများလည်း ပါဝင်ကြောင်း ဆိုထားပါတယ်။
အစ္စရေး ဝန်ကြီးဌာနက နောက်ဆုံး ၂၄ နာရီအတွင်း မစ်ဆိုင်းဒုံးတိုက်ခိုက်မှုကြောင့် လူနာ ၁၄၀ ဦးကို ဆေးရုံများသို့ ပို့ဆောင်ခဲ့ကြောင်း၊ ထိုထဲတွင် ပြင်းထန်စွာ ဒဏ်ရာရရှိသူ ၁ ဦး ပါဝင်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
ပြီးခဲ့သည့် စနေနေ့မှ စစ်ပွဲစတင်ခဲ့ချိန်မှ ယနေ့အထိ အစ္စရေးတွင် စုစုပေါင်း သေဆုံးသူ ၁၁ ဦးသာရှိကြောင်း ဖော်ပြထား ပါတယ်။
အီရန် နှင့် အစ္စရေး၊အမေရိကန် တို့အကြား ကွာခြားချက်မှာ အီရန်က မိမိတို့၏ ရှဟီးဒ် ဖြစ်သွားသူများကို ခေါင်းဆောင် ဖြစ်စေ ၊ ဗိုလ်များ ဖြစ်စေ ၊ သာမန် အရပ်သားများဖြစ်စေ မည်သို့ပင်ဖြစ်စေ အရည်အတွက် အတိ အကျ ကို ဂုဏ်ယူစွာ ဖော်ပြကြပြီး အစ္စရေး၊ အမေရိကန် ကတော့ အထူးဖုံးကွယ် ပြီး လူအသိမခံခြင်း ဖြစ်ပါ တယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment