အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အီရန် ရုပ်မြင်သံကြား ဌာန (IRIB)၏ အစီရင်ခံစာအရ မီဒယ်အီးစ်အိုင်သတင်းစာအယ်ဒီတာ ဒီဗိဒ် ဟားစ်က မှ ဒေသတွင်းရှိနိုင်ငံများအားလုံး အောက်ပါအတိုင်း ရေးသားထားပါတယ်။
၁။ ဒေသရှိနိုင်ငံများအားလုံးသည် အီရန်နှင့် ယခင်က ဆက်ဆံရေး ကို ဘေးချိတ် ထားပြီး ယနေ့ အီရန် နိုင်ငံ ၏ အချုပ်အခြာ အာဏာ တည်မြဲရန် နှင့် အီရန် ကို ကာကွယ်ရန် ကြိုးစားရမည် ဖြစ်ပါတယ်။
၂။ အီရန်သည် မိမိအုပ်ချုပ်ခွင့်နှင့် လွတ်လပ်ရေးကို ထိန်းသိမ်းရန် တိုက်ပွဲတစ်ခုလုပ်နေပါတယ်။ အစ္စရေးက ဒေသရှိ နိုင်ငံများကို ပိုင်းခြားလိုနေပါတယ်။ (ကျူးကျော်လိုနေပါတယ်။ )
၃။ အီရန်၏ တိုက်ပွဲသည် ဒေသတွင်းရှိ တစ်ခြားနိုင်ငံများအတွက်ပါ ရှင်သန်ရေး တိုက်ပွဲဖြစ်ပါတယ်။ အာရပ်ခေါင်းဆောင်များသည် မိမိတို့အနာဂတ်အတွက် ဤကိစ္စ ကို နားလည်သင့်ပါတယ်။
ယနေ့အီရန် ၏ ခေါင်းဆောင်များ ၊ အကြီးအကဲများ အရပ်သားများ ကို လုပ်ကြံခံနေရ ခြင်း ၊ အဆောက် အဦများ စသည် ဖြင့် ကို ဖျက်စီးနေခြင်း တွင် ဒေသတွင်း နိုင်ငံများ နှင့် ပြည်တွင်းပြည်ပနေ အီရန် သစ္စာဖောက်များ ၏ အမေရိကန် နှင့် အစ္စရေး တို့ နှင့် အလုပ်တွဲ လုပ်မှု ကြောင့် ဆိုသည်ကိုလည်း မှတ်သားသင့်ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment