၇ မတ် ၂၀၂၆ - ၀၉:၂၅
အီရန်အားမြေပြင်စစ် တိုက်ခိုက်မည်ဆိုသည့် ကောလဟာလများ / အမေရိကန် စစ်သားထောင်ပေါင်းများစွာ သေစေခြင်းရင် အဖမ်းခံခြင်းရင် လာခဲ့ဖို့ လာရီဂျာနီ ပြောကြား

အီရန် အမျိုးသားလုံခြုံရေးကောင်စီ ဥက္ကဋ္ဌ အလီ လာရီဂျာနီက အေမာမ် ခိုမေနီ (ရ.ဟ) နှင့် အေမာမ် ခါမေနာအီ (ရ.ဟ) ၏ လမ်းညွှန်မှုအောက်တွင်ရှိသော သားတော်များသည် အမေရိကန် စစ်သားထောင်ပေါင်းများစွာကို သေစေရန် နှင့် ဖမ်းဆီးရန် ၊ ရန်သူကို အရှက်ရစေရန် အဆင်သင့် စောင့်ဆိုင်းနေကြောင်း ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီးအီရန်၏ မြေပြင်သည် “ငရဲသားများ ကခုန်ရန် နေရာမဟုတ်” ဟုလည်း ပြောဆိုခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr သတင်းဌာန၏ အစီရင်ခံစာအရ  အီရန် အမျိုးသားလုံခြုံရေးကောင်စီ ဥက္ကဋ္ဌ အလီ လာရီဂျာနီက အချို့သော အမေရိကန် အရာရှိများသည် အီရန်ကို မြေပြင်စစ် တိုက်ခိုက်ရန် ရည်ရွယ်ချက်များကို ဖော်ပြနေကြောင်း ပြောကြား ခဲ့ပါတယ်။

ထို့အပြင် အေမာမ် ခိုမေနီ (ရ.ဟ) နှင့် အေမာမ် ခါမေနာအီ (ရ.ဟ) ၏ လမ်းညွှန်မှုအောက်တွင်ရှိသော သားတော်များ သည် အမေရိကန် စစ်သားထောင်ပေါင်းများစွာကို သေစေရန် နှင့် ဖမ်းဆီးရန် ၊  ရန်သူကို အရှက်ရစေရန် အဆင်သင့် စောင့်ဆိုင်းနေကြောင်း ထပ်မံ အလေးပေးပြောကြားခဲ့ပါတယ်။

အလီ လာရီဂျာနီ က ထပ်မံ၍ “အီရန်၏ မြေပြင်သည် ငရဲသားများ ကခုန်နိုင်သည့် နေရာမဟုတ်” ဟု ပြောဆို ခဲ့ပါ တယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha