၇ မတ် ၂၀၂၆ - ၂၂:၁၈
ဒေသအတွင်းရှိ ရန်သူများ၏ အခြေစိုက်စခန်းများအားလုံးသည် အီရန်အတွက် တရားဝင် ပစ်မှတ်များ ဖြစ်၏

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ၏ လွှတ်တော်ဖြစ်သည့် မဂျလစ်ရှုရာယေ အစ္စလာမီ၏ အမျိုးသား လုံခြုံရေး ကော်မရှင်က ဒေသအတွင်းနှင့် ဒေသပြင်ပရှိ ရန်သူများ၏ အခြေစိုက်စခန်းများအားလုံးကို အီရန်၏ တရားဝင် ပစ်မှတ်များအဖြစ် သတ်မှတ်ကြောင်း ကြေညာခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အီရန် လွှတ်တော်၏ အမျိုးသားလုံခြုံရေး ကော်မရှင်က ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် ဒေသမှ ရန်သူတပ်ဖွဲ့ များ ထွက်ခွာသွားခြင်းသာလျှင် ဒေသ၏ လုံခြုံရေးအတွက် တစ်ခုတည်းသော အာမခံချက် ဖြစ်ကြောင်း ဖော်ပြ ထားသည်။                                                                                                                                                                                                                           

အဆိုပါ အစီရင်ခံစာအရ လွှတ်တော်၏ အမျိုးသားလုံခြုံရေး ကော်မရှင်က ကြေညာချက်တွင် အီရန်၏ ခိုင်မာသော လူမျိုးတစ်ရပ်အနေဖြင့် ကိုယ့်ကိုယ်ကို ကာကွယ်ရန်မှ လွဲ၍ အခြားရွေးချယ်စရာ မရှိကြောင်း ပြောကြားခဲ့ပြီး၊ အီရန်၏ မကောင်းဆိုးဝါးဆန်သော ရန်သူများသည် အီရန်၏ လက်နက်ကိုင် တပ်ဖွဲ့များအတွက် ပြည်သူများ၏ လုံခြုံရေးကို အာမခံပေးရာတွင် မည်သည့် “အနီရောင်လိုင်း” မဆို မရှိကြောင်း သိထားသင့် ကြောင်းလည်း ဖော်ပြထားပါတယ်။

ကြေညာချက်တွင် ထို့အပြင် ဒေသအတွင်းနှင့် ဒေသပြင်ပရှိ နိုင်ငံများအားလုံးအနေဖြင့် မိမိတို့ နိုင်ငံအတွင်းရှိ ရန်သူတပ်ဖွဲ့များ ၏ အခြေစိုက်စခန်းများအားလုံးသည် အီရန်၏ လက်နက်ကိုင် တပ်ဖွဲ့များ၏ တိုက်ခိုက်မှုအတွက် တရားဝင် ပစ်မှတ်များ ဖြစ်ကြောင်း သိထားရမည်ဖြစ်ပြီး၊ ရန်သူတပ်ဖွဲ့များသည် ဤဒေသမှ ထွက်ခွာသွား ခြင်းသာလျှင် ဒေသ၏ လုံခြုံရေးအတွက် တစ်ခုတည်းသော အာမခံချက် ဖြစ်ကြောင်း ထပ်လောင်း ဖော်ပြ ထားပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha