အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr သတင်းဌာန၏ အစီရင်ခံစာအရ IRGC ၏ ပြည်သူ့ဆက်ဆံရေးဌာနက ယနေ့ နံနက်တွင် ဆီတင် သင်္ဘောတစ်စီးသည် ဟော်မုဇ်ရေကြောင်းကြား၌ သွားလာမှုနှင့်ပတ်သက်သည့် သတိပေးချက်များကို အကြိမ်ကြိမ် လျစ်လျူရှုခဲ့ကြောင်း ထိုကြောင့် တိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
ထုတ်ပြန်ချက်အရ IRGC ရေတပ်သည် အစောပိုင်းတွင် သတိပေးချက်များ အကြိမ်များစွာ ထုတ်ပြန်ခဲ့ပြီး ဤကျဉ်းမြောင်းသော ရေကြောင်းလမ်းကြောင်းကို မလုံခြုံကြောင်း ကြေညာကာ သွားလာမှုကို တားမြစ်ခဲ့ပါတယ်။ သို့သော် ညွှန်ကြားချက်များကို မလိုက်နာခဲ့သဖြင့် ထိုသင်္ဘောကို ကိုယ်တိုင်ပေါက်ကွဲသည့် ဒရုန်းတစ်စီးဖြင့် ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားပါတယ်။
IRGC က ယခုအချိန်တွင် ဟော်မုဇ်ရေကြောင်းကြားသည် အပြည့်အဝ ထိန်းချုပ်မှုအောက်တွင် ရှိနေပြီး နောက်ဆုံး ရှစ်ရက်တာကာလအတွင်း တင်းကြပ်သော စောင့်ကြည့်မှုများ ဆက်လက် ပြုလုပ်နေကြောင်း ပြော ကြား ခဲ့ပါတယ်။ ထုတ်ပြန်ချက်တွင် ဤလုပ်ဆောင်ချက်များသည် ဒေသအတွင်း အမေရိကန်၏ စစ်ရေးလှုပ် ရှားမှုများနှင့် တိုက်ခိုက်မှုများကြောင့် တင်းမာမှုများ မြင့်တက်လာပြီးနောက် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ထပ်မံ ရှင်းလင်းထားပါတယ်။ ထို့ကြောင့် ရန်သူနိုင်ငံများ၏ မဟာမိတ်များဖြစ်သော ဆီတင် သင်္ဘော များ နှင့် ကုန်သွယ် ရေးသင်္ဘောများကို ဟော်မုဇ်ရေကြောင်းကြားမှ ဖြတ်သန်းခွင့် မပေး တော့ကြောင်း လည်း ဖော်ပြထားပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment