၉ မတ် ၂၀၂၆ - ၁၁:၂၂
အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ၏ တတိယမြောက်ခေါင်းဆောင်အဖြစ် အာယာသွလ္လာဟ် ဆယက်ဒ် မွတ်ဂျ်သဗါ ခါမေနာအီ ရွေးချယ်ခံရ

အီရန်၏ ခေါင်းဆောင်အသစ် ကို မဂျ်လစ်စေခေဘ်ရေဂန်နေရဲဟ်ဗရီ (ခ) ခေါင်းဆောင်ရွေးချယ်ရေး ကျွမ်းကျင် သူများ ၏ ကောင်စီ က ရွေးချယ်ပြီး အာယာသွလ္လာဟ် ဆယက်ဒ် မွတ်ဂျ်သဗါ ဟိုစိုင်းန်နီ ခါမေနာအီ သည် အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ၏ တတိယမြောက် အမြင့်ဆုံးခေါင်းဆောင် အဖြစ် တာဝန်ယူလိုက် ကြောင်း ကြေညာခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အီရန်၏ ခေါင်းဆောင်အသစ် ကို မဂျ်လစ်စေခေဘ်ရေဂန်နေရဲဟ်ဗရီ (ခ) ခေါင်းဆောင်ရွေးချယ်ရေး ကျွမ်းကျင် သူများ ၏ ကောင်စီ က သတ်မှတ်ကြေညာခဲ့ပြီး အာယာသွလ္လာဟ် ဆယက်ဒ် မွတ်ဂျ်သဗါ ဟိုစိုင်းန်နီ ခါမေနာအီ သည် အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ၏ တတိယမြောက် အမြင့်ဆုံးခေါင်းဆောင် (ရဲဟ်ဗရ် )  ဖြစ်လာ ခဲ့ပါတယ်။

မဂျ်လစ်စေခေဘ်ရေဂန်နေရဲဟ်ဗရီ (ခ) ခေါင်းဆောင်ရွေးချယ်ရေး ကျွမ်းကျင်သူများ၏ ကောင်စီ အတွင်းရေး မှူးရုံး ၏ ကြေညာချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

ဗစ်မေလ္လာဟ်ဟေရ်ရဟ်မန်နေရ်ရဟီးမ်

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ၏ ဂုဏ်သိက္ခာရှိပြီး လွတ်လပ်သော ပြည်သူများအားလုံးအား အလ္လာဟ် ဟို အရှင်မြတ် ၏ ငြိမ်းချမ်းရေးမင်္ဂလာ အဖြာြဖာ နှင့် မေတ္တာတရားများ ကျရောက်ပါစေ။

ခေါင်းဆောင်ရွေးချယ်ရေး ကျွမ်းကျင်သူများ၏ ကောင်စီသည် အစ္စလာမ်မစ် တော်လှန်ရေး၏ ဂုဏ်သိက္ခာ ကြီးမားသော ခေါင်းဆောင် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ  အေမာမ် ဆယက်ဒ် အလီ ခါမေနာအီ (ရ.ဟ)  ၏ ရှဟာဒသ် အတွက် နက်နက်ရှိုင်းရှိုင်း ဝမ်းနည်းကြောင်း ဖော်ပြလိုက်ပါသည်။ ထို့အပြင် တပ်မတော်၏ ဂုဏ်သိက္ခာရှိသော အကြီးအကဲများ၊ မီနာဗ်  ခရိုင်ရှိ «  ရှဂျာရေ သွယေဗဟ် »  ကျောင်းမှ ကျောင်းသူ များ အပါ အဝင် အခြားသော ရှဟာဒသ် များအားလည်း ဝမ်းနည်းကြောင်းပြောကြားပြီး အလေးပြုဂုဏ်ပြုပါသည်။ ထို့အပြင် အမေရိကန်နှင့် ဇီယွန်နစ် အစိုးရတို့၏ ရက်စက်ကြမ်းကြုတ်သော ကျူးကျော်မှုကိုလည်း ပြင်းထန်စွာ ရှုတ်ချပါသည်။

ခေါင်းဆောင်ကြီး၏ ရှဟာဒသ်  သတင်း ထွက်ပေါ်လာပြီးနောက် ချက်ချင်းပင်၊ စစ်ရေးအရေးပေါ် အခြေ အနေများနှင့် ရန်သူများ၏ တိုက်ခိုက်မှု ခြိမ်းခြောက်မှုများ ရှိနေသော်လည်း ကျွမ်းကျင်သူများ၏ ကောင်စီသည် အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ၏ ခေါင်းဆောင်အသစ် ရွေးချယ်ခြင်း လုပ်ငန်းစဉ်ကို ခဏတစ်ဖြုတ်မျှ မနှောင့်နှေးဘဲ ဆောင်ရွက်ခဲ့ပါသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ အပိုဒ် ၁၁၁ အရ ယာယီခေါင်းဆောင်ကောင်စီ ဖွဲ့စည်းနိုင်ကြောင်း သတ်မှတ်ထားသော် လည်း နိုင်ငံတော်တွင် ခေါင်းဆောင်ရေး လွတ်လပ်မှု မဖြစ်ပေါ်စေရန် အရေးပေါ် အစည်းအဝေးကို စီစဉ်၍ နိုင်ငံတဝှမ်းရှိ ကောင်စီဝင်များကို ခေါ်ယူ စုဝေးစေခဲ့ပါသည်။

အစ္စလာမ်မစ်ပြည်သူ့ သမ္မတနိုင်ငံတွင် ဝေလာယသ်သေဖကီးဟ် ၏ အရေးပါမှုနှင့် ခေါင်းဆောင်မှု၏ အရေးပါမှု ကို အသိအမှတ်ပြုလျက် အစ္စလာမ့မစ် တော်လှန်ရေး၏ ခေါင်းဆောင်နှစ်ဦး၏ ၄၇ နှစ်ကြာ ဉာဏ်ပညာနှင့် အာဏာ တည်မြဲသော အုပ်ချုပ်မှု ကိုလည်း ဂုဏ်ပြုအမှတ်ရပါသည်။

ထို့ကြောင့် ကျွမ်းကျင်သူများ၏ ကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေ အပိုဒ် ၁၀၈ နှင့် ကိုက်ညီစွာ၊ အလ္လာဟ် ရှေ့တော် တွင် တာဝန်ရှိကြောင်း သက်ဝင် ယုံကြည်မှုဖြင့် ပြုလုပ်သော ယနေ့ အရေးပေါ် အစည်းအဝေးတွင် အာယာသွလ္လာဟ် ဆယက်ဒ် မွတ်ဂျ်သဗါ ဟိုစိုင်းန်နီ ခါမေနာအီ (ဟဖဇဟိုလ္လာဟ်) ကို အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ၏ တတိယမြောက် ခေါင်းဆောင် အဖြစ် ကျွမ်းကျင်သူများ၏ ကောင်စီဝင်များ၏ အများစု ထောက်ခံ မဲဖြင့် ရွေးချယ်ခဲ့ကြောင်း ကြေညာအပ်ပါသည်။

နိဂုံးချုပ်အားဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ အပိုဒ် ၁၁၁ အရ ယာယီခေါင်းဆောင်ကောင်စီ၏ အဖွဲ့ဝင်များအား ကျေးဇူးတင်ရှိကြောင်း ဖော်ပြပြီး အီရန်ပြည်သူများ အားလုံး၊ အထူးသဖြင့် ပညာရှင်များနှင့် တက္ကသိုလ် အသိုင်းအဝိုင်းများအား ခေါင်းဆောင်သစ်အား ကတိသစ္စာပြုကာ အစ္စလာမ့်နိုင်ငံ၏ ညီညွတ်မှုကို ထိန်းသိမ်း ကြရန် ဖိတ်ခေါ်အပ်ပါသည်။

အလ္လာဟ်ဟိုအရှင်မြတ် ၏ ကရုဏာတော်သည် ဤနိုင်ငံနှင့် ပြည်သူများအပေါ် ဆက်လက် ကျရောက် ပါစေ ကြောင်း ဆုတောင်းအပ်ပါသည်။

ဝစလာမ်မို အလိုင်းကွမ်း ဝ ရဟ်မတုလ္လာဟ် ဝ ဗရာကာတုဟ်

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha