အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဘေဟာရိုလ်အန်နဝါရ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال الامام الصادق (عليه السلام):
اِزرَعُوا و اغرِسُوا وَاللّه ما عَمِلَ النّاسُ عَمَلاً اَجَلَّ ولا أطيب منه
အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (အလိုင်ဟစ်စလာမ်) မိန့်တော် မူ၏။
« စိုက်ပျိုးရေးလုပ်ပါ ၊သစ်ပင်များ စိုက် ပျိုး ပါ ။ အလ္လာဟ် ၏ ကစမ် လူသားများ အတွက် ဤ အလုပ် ထက် ကောင်းမြတ်သည့် ပြီးနောက် သန့်ရှင်း စင်ကြယ်သည့် အလုပ် သည် မရှိချေ။ »
ကျမ်းကိုး ။ ။ ဘေဟာရိုလ်အန်နဝါရ် ၊ အတွဲ ၁၀၃ ၊ စာမျက်နှာ ၆၈
မှတ်ချက် - အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးအေမာမ် ဂျအ်ဖရ်ဆွာဒစ်က် ( အ.စ) ၏ဟဒီးစ်တော် အတိုင်း ကျနော်တို့တွေ ဘဝတည်ဆောက် နိုင်အောင် ကြိုးပမ်းရမည် ဖြစ်ပါတယ်။ ဤအတွက်ကြောင့် ဤဟဒီးစ်တော် ကို လက်တွေ့ ကျင့်သုံးသည့် အနေဖြင့် ရှဟီးဒ် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ သည့် နေ့စဥ်နှစ်တိုင်း သစ်ပင်များစိုက်ပျိုးရေးနေ့ တွင် သစ်ပင် စိုက်ခဲ့ ခြင်း ဖြစ်ပါတယ်။
****************************************************************
END / 251
Your Comment