၁၈ မတ် ၂၀၂၆ - ၁၃:၃၁
အမေရိကန်က အီရန်နိုင်ငံတွင် အစိုးရပြောင်းလဲရေး စီမံကိန်းကို ဖျက်သိမ်း လိုက်ကြောင်း သတင်းရင်းမြစ် များ ပြောကြား

သတင်းအတွင်းပိုင်းရင်းမြစ်တစ်ခုက အမေရိကန်သည် အီရန်နိုင်ငံအတွင်း အစိုးရပြောင်းလဲရေးဆိုသည့် စီမံကိန်း ကို ဖျက်သိမ်းလိုက်ကြောင်း ဖော်ပြခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr သတင်းဌာန၏ အစီရင်ခံစာအရ အကြောင်းအရာကို သိရှိထားသော ရင်းမြစ်တစ်ခုက ပြောကြားရာတွင် အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ (CIA) သည် မိမိ၏ ဒေသဆိုင်ရာ ရုံးခွဲများအား အီရန်နိုင်ငံတွင် အစိုးရပြောင်းလဲရေး စီမံကိန်းကို ယခုအခါ လက်တွေ့အကောင်အထည်ဖော်နိုင်မည်မဟုတ်ဟု သတ်မှတ်ထားပြီး စီမံကိန်း မှ ဖယ်ရှားလိုက်ပြီဖြစ်ကြောင်း အသိပေးထားသည်ဟု ဆိုပါတယ်။

သတင်းရင်းမြစ်များ ၏ ပြောကြားချက်များအရ အခြေအနေမှာ တိုးတက်မှုများ ရှိနေသော်လည်း အစ္စရေး ဝန်ကြီးချုပ် ဘင်ယာမင် နေတန်ယာဟုသည် အမေရိကန် သမ္မတ ဒေါ်နယ်လ် ထရမ့်ကို စစ်ရေး ဆိုင်ရာကိစ္စများတွင် ဆက်လက်ပါဝင်နေစေရန် ကြိုးပမ်းနေဆဲ ဖြစ်ကြောင်း ဖြစ်ပါတယ်။

အစီရင်ခံစာတွင် နေတန်ယာဟုသည် အကယ်၍ အမေရိကန်က ယင်းစီမံကိန်းမှ အမှန်တကယ် နောက်ပြန် ဆုတ်သွား ပါက အနာဂတ်တွင် အခြေအနေများ မည်သို့ ပြောင်းလဲသွားမည်ဆိုသည်နှင့် ပတ်သက်၍ ပြင်းထန်စွာ စိုးရိမ်နေကြောင်းလည်း ဖော်ပြထားပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha