အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr သတင်းဌာန၏ အစီရင်ခံစာအရ ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် ဆယက်ဒ် မွတ်ဂျ်သဗါ ဟိုစိုင်းန်နီ ခါမေနာအီ သည် အီးဒ် ဖေသွ်ရ် င့် အီရန်နှစ်သစ်ကူး အခါသမယ တွင် မိမိ၏ သတင်း စကားကို ထုတ်ပြန်ခဲ့ပါတယ်။
မိမိ၏ သတင်းစကား တွင် အာယာသွလ္လာဟ် ဆယက်ဒ် မွတ်ဂျ်သဗါ ဟိုစိုင်းန်နီ ခါမေနာအီ က အီရန်ပြည်သူများနှင့် မွတ်စလင်မ်အွန်မသ် အားလုံးကို မင်္ဂလာဆုတောင်းခဲ့ပြီး မကြာသေးမီက ဖြစ်ပွားခဲ့သော စစ်ပွဲ နှင့် ပြီးခဲ့သောနှစ်မှ ယနေ့ထိ ဖြစ်ပွားခဲ့သော ဖြစ်ရပ်များအတွင်း ရှဟီးဒ်ဖြစ်ခဲ့သည့် အေမာမ် ခါမနာအီ နှင့် အခြားသူများ၏ ရှဟာဒသ် အတွက် ဝမ်းနည်းကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
ပြီးနောက် အရှေ့ဘက်အိမ်နီးချင်းနိုင်ငံများအကြောင်း မိန့်ကြားရာတွင် အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံ ရေးဆိုင်ရာ စနစ်၏ မူဝါဒနှင့် အမြင်အကြောင်းကို ကျွန်ုပ်၏ ပထမဆုံး မိန့်ခွန်းတွင် ပြောကြားခဲ့သကဲ့သို့ ယင်းအရာသည် အမှန်တကယ် အလွန်အရေးကြီးသည့် ကိစ္စရပ်တစ်ခုဖြစ်ပါတယ်။ အိမ်နီးချင်းဖြစ်ခြင်းအပြင် ကျွန်ုပ်တို့အကြားတွင် နာမ်ပိုင်းဆိုင်ရာ နှင့် ဘာသာရေးဆိုင်ရာ အများအပြားသော တူညီမှုများလည်း ရှိ နေပါ တယ်။ ထိုအထဲတွင် အရေးအကြီးဆုံးမှာ အစ္စလာမ် ဘာသာတရားဆိုသည့် အထွေထွေတူညီသော သန့်ရှင်း မြတ်နိုးရ သည့် ယုံကြည်ချက်ဖြစ်တယ်။ ထို့အပြင် အချို့နိုင်ငံများတွင် သန့်ရှင်းမြတ်နိုးရသော ဇေယာရသ် နေရာများရှိခြင်း၊ အချို့နိုင်ငံများတွင် အီရန်နိုင်ငံသားအများအပြား နေထိုင်ခြင်း သို့မဟုတ် အလုပ်လုပ်နေခြင်း၊ အချို့နိုင်ငံများတွင် တူညီသော လူမျိုး၊ တူညီသော ဘာသာစကား သို့မဟုတ် အထူးသဖြင့် အာဏာကြီး နိုင်ငံများ၏ အင်အားပြိုင်ဆိုင်မှုကို ဆန့်ကျင်ရာတွင် တူညီသော မဟာဗျူဟာဆိုင်ရာ အကျိုးစီးပွား များရှိခြင်း တို့ကဲ့သို့ သော အချက်များသည် နှစ်ဖက်ဆက်ဆံရေးကို ခိုင်မာစေနိုင်သော အကြောင်းရင်းများ ဖြစ်သည် ဟု ဆိုမိန့်ကြားခဲ့ပါတယ်။
ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ က ကျွန်ုပ်တို့သည် အရှေ့ဘက်အိမ်နီးချင်းနိုင်ငံများကို မိမိတို့နှင့် ရင်းနှီး သော နိုင်ငံများအဖြစ် သဘောထားကြကြောင်း ကျွန်ုပ်သည် အစောပိုင်းကတည်းက ပါကစ္စတန်အကြောင်း သိရှိခဲ့ပြီး ကျွန်ုပ်တို့၏ ရှဟီးဒ် ရဲဟ်ဗရ် အင်န်ကေလဗ် (ရ.ဟ) သည် ထိုနိုင်ငံကို အထူးချစ်မြတ်နိုးခဲ့ကြောင်းထိုအရာ၏ ဥပမာတစ်ခုမှာ ပါကစ္စတန်တွင် ဖြစ်ပွားခဲ့သော အလွန်ကြီးမားသည့် ရေလွှမ်းမိုးမှုကြောင့် ကျွန်ုပ်တို့၏ မွတ်စလင်မ် ညီအစ်ကိုများ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်ခဲ့သည့်အချိန်တွင် ဂျူမ်အအ်နေ့ ခွသ်ဗဟ် များတွင် ဝမ်းနည်း တုန်လှုပ်သည့် အသံ ဖြင့် ခွသ်ဗဟ်မိန့်ကြား ခဲ့သည်ကို တွေ့မြင်ခဲ့ရကြောင်း ကျွန်ုပ်လည်း အကြောင်းအမျိုးမျိုးကြောင့် အမြဲတမ်း ထိုကဲ့သို့ပင် တွေးမြင်ခဲ့ပြီး အမျိုးမျိုးသော ဆွေးနွေးပွဲများတွင်လည်း ထိုအမြင်ကို ထုတ်ဖော်ပြောဆိုခဲ့ကြောင်း မိန့်ကြားခဲ့ပါတယ်။
ဆက်လက်ပြီး ဟဇရသ် အာယာသွလ္လာဟ် ဆယက်ဒ် မွတ်ဂျ်သဗါ ဟိုစိုင်းန်နီ ခါမေနာအီ က ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်တို့အား ဤနေရာတွင် ကျွန်ုပ်သည် ကျွန်ုပ်တို့၏ ညီအစ်ကိုနိုင်ငံနှစ်နိုင်ငံဖြစ်သော အာဖဂန်နစ္စတန် နှင့် ပါကစ္စတန်တို့အား အလ္လာဟ်၏ သဘောတူညီမှုကို ရရှိရန်နှင့် မွတ်စလင်မ် များအကြား ကွဲပြားမှုများကို ရှောင်ရှားရန်အတွက် မိမိတို့၏ နှစ်ဖက်ဆက်ဆံရေးကို ပိုမိုကောင်းမွန်အောင် ပြုလုပ်ကြရန် မေတ္တာရပ်ခံ တောင်းဆိုကြောင်း ဤကိစ္စတွင် လိုအပ်သော အဆင့်များကို ကျွန်ုပ်၏ ဘက်မှ လုပ်ဆောင်ရန်လည်း အသင့်ရှိ ကြောင်း မိန့်ကြားခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment