၂၅ မတ် ၂၀၂၆ - ၂၃:၃၁
တစ်စုံတစ်ဦး၏ မကောင်းသော အပြုအမူကို ကောင်းသည်ဟု သဘောထားခြင်း၏ အကျိုးဆက်

အေမာမ် ဂျဝါဒ် (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် တစ်စုံတစ်ဦး၏ မကောင်းသော အပြုအမူကို ကောင်းသည်ဟု သဘောထားခြင်း၏ အကျိုးဆက် နှင့်ပတ်သက်ပြီး မိန့်တော် မူထား ပါတယ်။ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ကက်ရှ်ဖိုလ်ဂါမဟ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

قال الامام الجواد علیه السلام:

مَنِ استَحسَنَ قَبيحا كانَ شَريكا فيهِ.

အေမာမ် ဂျဝါဒ်  (အလိုင်ဟစ်စလာမ်)   မိန့်တော် မူ၏။

« မည်သည့်သူမဆို မကောင်းသည့် အလုပ်ကို ကောင်းသည်ဟု သဘောထားလျှင် ထိုမကောင်းသည့်လုပ်ရပ် တွင် သူသည် ပါဝင်သူအဖြစ် သတ်မှတ်ခြင်းခံရမည်ဖြစ်ပါသည်။  »

ကျမ်းကိုး ။ ။ ကက်ရှ်ဖိုလ်ဂါမဟ် ကျမ်း၊ အတွဲ ၂ ၊ စာမျက်နှာ  ၃၄၉

ရှင်းလင်းချက် အကျဥ်း   -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးသုံးသပ်ရမည်ဆိုလျှင်  ကျနော်တို့ အနေဖြင့် လူ တစ် ဦး ၏ အတွင်းစိတ် (သဘောထား) နှင့် ပြင်ပလုပ်ရပ် (ချီးမွမ်းခြင်း) တို့သည် သူတစ်ပါး၏ မကောင်းမှု အပေါ် မည်သို့အကျိုးသက်ရောက်ပုံကို ရှင်းပြနေပါတယ်။ ဤနေရာတွင် ဖော်ပြသော “မကောင်းသောအရာ” သည် အစ္စလာမ်သာသနာ ၏  သီလပညာရပ် (သို့မဟုတ်) စာရိတ္တပညာရပ်အရ ပြစ်တင်ထိုက်သော၊ ရှက်ရွံ့ဖွယ် ကောင်းသော၊ မတရားသော၊ သို့မဟုတ် တားမြစ်ထားသော မည်သည့်လုပ်ရပ်ကိုမဆို ဆိုလိုခြင်းဖြစ်ပါတယ်။

****************************************************************

END / 251

Tags

Your Comment

You are replying to: .
captcha