၃၀ မတ် ၂၀၂၆ - ၀၈:၄၅
ဆွစ်ဇာလန်နိုင်ငံ လူဂါနိုမြို့တွင် «  စစ်ပွဲနှင့် ဖျက်ဆီးမှုများ ရပ်ကြပါ  » ဟု တောင်းဆိုသည့် စုဝေးပွဲ ကျင်းပ + ဓာတ်ပုံများ

ဆွစ်ဇာလန် နိုင်ငံ လူဂါနိုမြို့သားများသည် စုဝေးပွဲတစ်ရပ်တွင် အရှေ့အလယ်ပိုင်းဒေသရှိ တင်းမာမှုများ တိုးမြင့် လာခြင်းကို ကန့်ကွက်ခဲ့ကြပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဆွစ်ဇာလန်နိုင်ငံ လူဂါနိုမြို့ရှိ Piazza Riforma ကွင်းပြင်တွင် လူပေါင်း ခန့်မှန်းအားဖြင့် ၂၀၀ ခန့် စုဝေးခဲ့ကြပြီး အရှေ့အလယ်ပိုင်းဒေသရှိ တင်းမာမှုများ တိုးမြင့်လာခြင်းကို ကန့်ကွက်ကာ အကြမ်းဖက်မှုများ ရပ်တန့်စေရန် တောင်းဆိုခဲ့ကြပါတယ်။

«  အင်ပါယာဝါဒစစ်ပွဲများ လုံလောက်ပြီ »  နှင့်   «  သေဆုံးမှုနှင့် ဖျက်ဆီးမှုများ လုံလောက်ပြီ »  ဟူသော ဆောင် ပုဒ် များ သည် ယင်းစုဝေးပွဲတွင် ကြားရသည့် ဆောင်ပုဒ်များထဲမှ တစ်ချို့ ဖြစ်ပါတယ်။

ပါဝင်သူများသည် အရှေ့အလယ်ပိုင်းဒေသတွင် အကြမ်းဖက်မှုများ တိုးလာနေခြင်းနှင့် ကမ္ဘာပေါ်ရှိ အခြားသော ပဋိပက္ခများကိုလည်း ကန့်ကွက်ရန် စုဝေးခဲ့ကြပါတယ်။ စုဝေးပွဲကျင်းပရာနေရာတွင် ဆွစ်ဇာလန်အစိုးရ၏ မူဝါဒများ၊ အထူးသဖြင့် အစိုးရ၏ နိုင်ငံခြားရေးဝန်ကြီး Ignazio Cassis အပေါ် ဝေဖန်မှုများလည်း ထွက်ပေါ် လာခဲ့ပြီး၎င်းကို လှုပ်ရှားမှုမရှိခြင်းအတွက် အပြစ်တင်ခဲ့ကြပါတယ်။

ယင်းစုဝေးပွဲတွင် မိန့်ခွန်းပြောကြားသူများက အရှေ့အလယ်ပိုင်းဒေသရှိ တင်းမာမှုများကြောင့် ထိခိုက်ခံစား နေရသည့် အပြစ်မဲ့ ပြည်သူများ၏ အသံ၊ အထူးသဖြင့် ကလေးများ၏ အသံကို ကြားနိုင်ရန် တောင်းဆိုခဲ့ ကြပါတယ်။  ထို့အပြင် နိုင်ငံတကာ ပဋိပက္ခများကို ကိုင်တွယ်ရာတွင် စံနှုန်းနှစ်မျိုးထားခြင်း ရှိနေသည်ဟု ဆိုသည့် အမြင်များလည်း မိန့်ခွန်းပြောသူများက ဖော်ပြခဲ့ကြပါတယ်။

ဤစုဝေးပွဲကို အဖွဲ့အစည်းအမျိုးမျိုးက စီစဉ်ခဲ့ပြီး စုဝေးပွဲသည် အကြမ်းမဖက်ဘဲ ငြိမ်းချမ်းစွာ ပြုလုပ်ခဲ့ ကြပါ တယ်။

ဆွစ်ဇာလန်နိုင်ငံ လူဂါနိုမြို့တွင် «  စစ်ပွဲနှင့် ဖျက်ဆီးမှုများ ရပ်ကြပါ  » ဟု တောင်းဆိုသည့် စုဝေးပွဲ ကျင်းပ + ဓာတ်ပုံများ

ဆွစ်ဇာလန်နိုင်ငံ လူဂါနိုမြို့တွင် «  စစ်ပွဲနှင့် ဖျက်ဆီးမှုများ ရပ်ကြပါ  » ဟု တောင်းဆိုသည့် စုဝေးပွဲ ကျင်းပ + ဓာတ်ပုံများ

ဆွစ်ဇာလန်နိုင်ငံ လူဂါနိုမြို့တွင် «  စစ်ပွဲနှင့် ဖျက်ဆီးမှုများ ရပ်ကြပါ  » ဟု တောင်းဆိုသည့် စုဝေးပွဲ ကျင်းပ + ဓာတ်ပုံများ

ဆွစ်ဇာလန်နိုင်ငံ လူဂါနိုမြို့တွင် «  စစ်ပွဲနှင့် ဖျက်ဆီးမှုများ ရပ်ကြပါ  » ဟု တောင်းဆိုသည့် စုဝေးပွဲ ကျင်းပ + ဓာတ်ပုံများ

ဆွစ်ဇာလန်နိုင်ငံ လူဂါနိုမြို့တွင် «  စစ်ပွဲနှင့် ဖျက်ဆီးမှုများ ရပ်ကြပါ  » ဟု တောင်းဆိုသည့် စုဝေးပွဲ ကျင်းပ + ဓာတ်ပုံများ

ဆွစ်ဇာလန်နိုင်ငံ လူဂါနိုမြို့တွင် «  စစ်ပွဲနှင့် ဖျက်ဆီးမှုများ ရပ်ကြပါ  » ဟု တောင်းဆိုသည့် စုဝေးပွဲ ကျင်းပ + ဓာတ်ပုံများ

ဆွစ်ဇာလန်နိုင်ငံ လူဂါနိုမြို့တွင် «  စစ်ပွဲနှင့် ဖျက်ဆီးမှုများ ရပ်ကြပါ  » ဟု တောင်းဆိုသည့် စုဝေးပွဲ ကျင်းပ + ဓာတ်ပုံများ

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha