အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
IRNA ၏ အဆိုအရ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ တပ်မတော်၏ အများပြည်သူ ဆက်သွယ်ရေး ဌာနက ထုတ်ပြန်ရာတွင် အရေးကြီးသောနှင့် စစ်ဘက်ဆိုင်ရာ အချက်အချာနေရာများကို တိုက်ခိုက်ခံရသည့် သတင်းများအပေါ် တင်းကျပ်သော ဆင်ဆာချုပ်ကိုင်မှုများ ရှိနေသော်လည်း ရန်သူဘက်၏ ဆက်သွယ် ပြောဆိုမှု များနှင့် ဆိုရှယ်မီဒီယာတွင် ပြုလုပ်ထားသော စစ်ဆေးသုံးသပ်ချက်များမှတဆင့် ဂါဇ်ယူထားသော ဖလစတင်း ဒေသတွင် ရှိသော ဇီယွန်အစိုးရ၏ ရာဖေးလ် စစ်ဘက်ဆိုင်ရာ စက်မှုလုပ်ငန်း ကွန်ပလက်စ်သည် ပြင်းထန်စွာ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရပါတယ်။
ဤအစီရင်ခံစာအရ ဇီယွန်အစိုးရ၏ စစ်ဘက်စက်မှုလုပ်ငန်း ကွန်ပလက်စ်မှ မီးတောက်များ တက်လျက်ရှိပြီး မီးခိုးတိမ်များလည်း ထွက်ပေါ်လာသည်ကို မြင်တွေ့ရပါတယ်။
မှတ်သားရန်မှာ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ တပ်မတော် သည် နောက်ဆုံးရက်အနည်းငယ်အတွင်း ဇီယွန်အစိုးရ၏ အခြေခံအဆောက်အအုံများ၊ လက်နက်ထုတ်လုပ်ရေး စက်ရုံများနှင့် ရာဖေးလ် အင်ဒတ်စထရီဂရုပ်၏ စစ်ဘက်နှင့် ကာကွယ်ရေးဆိုင်ရာ ထုတ်ကုန်များ၊ အဆင့်မြင့်ဆုံး ကာကွယ်ရေးစနစ်များ ထုတ်လုပ်ရာ စင်တာများကို တိုက်ခိုက်မှုများ၏ ပြင်းထန်မှုနှင့် အကျယ်အဝန်းကို ပိုမိုတိုးမြှင့်လာခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment