အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Hawzahnews သတင်းဌာန ၏ အစီရင်ခံစာအရ ဟစ်ဘွလ္လာဟ် လက်ဘနွန်သည် ထုတ်ပြန်ချက်တစ်ရပ်တွင် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် ဆယက်ဒ် မွတ်ဂျ်သဗါ ဟိုစိုင်းန်နီ ခါမေနာအီ သည် ဟစ်ဘွလ္လာဟ် အဖွဲ့၏ ဥက္ကဋ္ဌ ခေါင်းဆောင် H.I ရှိက်ခ် နအီးမ် ကာစင်မ် ၏ အေမာမ် ခါမေနာအီ (ရ.ဟ) ၏ ရှဟာဒသ် အတွက် ဝမ်းနည်း ကြောင်း ထပ်တူ ထပ်မျှခံစားရကြောင်း ပေးပို့ပေးသည့် သတင်းစကား နှင့် အတွက် ကျေးဇူးတင်ကြောင်း ကို တင်ပြထားပါတယ်။
သတင်းစကား၌ ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် ဆယက်ဒ် မွတ်ဂျ်သဗါ ဟိုစိုင်းန်နီ ခါမေနာအီ က မွတ်စလင်မ် အွန်မသ် ၏ အလွန်ကြီးမားသည့် ရန်သူများ ဖြစ်ကြသည့် အမေရိကန် နှင့် ဇီယွန် နီအစိုးရတို့နှင့် တိုက်ရိုက်တိုက်ခိုက်ရာတွင် ကြံ့ကြံ့ခံ ပြီး သံချေးမတက်သော စိတ်ဓာတ် နှင့် စိတ်ခွန် အားတို့သည် အေမာမ် ခါမေနာအီ (ရ.ဟ) ၏ အထင်ရှားဆုံး ဝိသေသလက္ခဏာများပင် ဖြစ်ကြောင်း အထူးသဖြင့် ဗဟိုပြု၍ ဖော်ပြထားပါတယ်။
ပြီးနောက် အာယာသွလ္လာဟ် ဆယက်ဒ် မွတ်ဂျ်သဗါ ဟိုစိုင်းန်နီ ခါမေနာအီ က အဆိုပါ ရှဟီးဒ် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ၏ လမ်းညွှန်မှုအောက်တွင် ကြံ့ကြံ့ခံခုခံ တော်လှန်သည့် လမ်းစဉ်သည် ဆက်လက် ခဲ့ပြီး၊ ထိုလမ်းစဉ်၏ မှန်ကန်ကြောင်းဖြစ်ကြောင်းကို ဘက်စုံပြည့်ဝသည့် ဗိုလ်ချုပ်ကြီး ရှဟီးဒ် ကာစင်မ် စိုလိုင်းမန်နီ ကို အပါအဝင် အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ် ၏ အထက်တန်း ဗိုလ်ကြီးများ၏ ရှဟာဒသ် သည် သက်သေဖြစ်ကြောင်း ဖော်ပြထားပါတယ်။
ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် ဆယက်ဒ် မွတ်ဂျ်သဗါ ဟိုစိုင်းန်နီ ခါမေနာအီ သည် ဆက်လက်၍ အဆိုပါ အစ္စလာမ်မီ ကြံ့ကြံ့ခံခုခံတော်လှန်ရေး သမိုင်းသည် အပူအအေးမရှောင်ပဲ တိုက်ကွဲတပ်ပြန်ခြင်း၊ သတ္တိ၊ ကြိုးပမ်း မှု နှင့် စတေား ခြင်းတို့ဖြင့် ပြည့်နှက်နေကြောင်း၊ ကာကွယ်ရန် မည်သည့် ကြောက်လန်မှု တုန်လှုပ်မရှိပဲ အသက်အန္တရာယ် ကိုမစိုးရိမ် ကြသည့် ဗိုလ်ချုပ်ကြီးများဖြစ်ကြောင်း ဟစ်ဘွလ္လာဟ် ၏ ခေါင်းဆောင်များ ဖြစ်ကြသည့် ရှိက်ခ် ရာဂစ်ဗ် ဟရ်ဗ် ၊ ဆယက်ဒ် အဘာစ် မူစဝီ မှစ၍ H.I ဆယက်ဒ် ဟစန် နစရိုလ်လ္လာဟ် နှင့် ရှဟီးဒ် H.I ဆယက်ဒ် ဟာရှင်မ် ဆဖီးယွဒ်ဒီးန် အထိ ဤလမ်းစဥ် တွင် မားမားမတ်မတ် ရပ်တည်ခဲ့ကြသည့် နမူနာ များ ဖြစ်ကြောင်း တင်ပြထားပါတယ်။
ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် ဆယက်ဒ် မွတ်ဂျ်သဗါ ဟိုစိုင်းန်နီ ခါမေနာအီ သည် H.I ရှိက်ခ် နအီးမ် ကာစင်မ် ကို ဤအလွန်အရေးကြီးသည့် ကာလတွင် ကြံ့ကြံ့ခံခုခံရေး တော်လှန်ရေး ကို ဦးဆောင်ရန် တာဝန်သည် လူကြီးမင်း ၏ ပခုံးပေါ်တွင် ရောက်လာပြီး ဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။
ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ က H.I ရှိက်ခ် နအီးမ် ကာစင်မ် သည် မိမိ ၏ လိမ္မာ ပါးနပ် မှု သတ္တိ တို့ဖြင့် ဇီယွန် ရန်သူကို အနိုင်ယူ တိုက်ခိုက်နိုင်မည်ဖြစ်ပြီး လက်ဘနွန် ပြည်သူများကို ဂုဏ်သိက္ခာနှင့် ကံကောင်းခြင်းကို ဖြစ်စေပါလိမ့်မည်ဟု ယုံကြည်ကြောင်းလည်းမိန့်ကြားခဲ့ပါတယ်။
ဟဇရသ် အာယာသွလ္လာဟ် ဆယက်ဒ် မွတ်ဂျ်သဗါ ဟိုစိုင်းန်နီ ခါမေနာအီ မှ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံသည် ဇီယွန်နစ် အစိုးရ နှင့် အမေရိကန် ရန်လိုမှုအပေါ် ကြံ့ကြံ့ခံခုခံ တော်လှန်ရေး ကို ဆက်လက်ထောက်ခံသွားမည်ဟုလည်း အလေးပေးမိန့်ကြားခဲ့ပါတယ်။
နောက်ဆုံးတွင် ဟဇရသ် အာယာသွလ္လာဟ် ဆယက်ဒ် မွတ်ဂျ်သဗါ ဟိုစိုင်းန်နီ ခါမေနာအီ မှ တိုက်ပွဲဝင် မိုဂျာဟစ်ဒ် များအားလုံးအတွက် အောင်မြင်ခြင်းနှင့် ကောင်းချီးမင်္ဂလာ အဖြာဖြာ ရရှိရန် ဒိုအာပြုပေးခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment