၈ ဧပြီ ၂၀၂၆ - ၁၉:၅၂
ယာယီ အပစ်အခတ်ရပ်စဲပြီးနောက် အီရန်အစ္စလာမ်မစ် ပြည်သူ့သမ္မတ နိုင်ငံ ၏ ကြေညာချက်

အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံသည် ယာယီအပစ်အခတ်ရပ်စဲမှုအပြီးတွင် ရန်သူများကို အပြည့်အဝ ယုံကြည်မှု မရှိသေးကြောင်းနှင့် မိမိတို့တပ်ဖွဲ့များသည် အမြဲသတိရှိနေပြီး ခက်ခဲသော တိုက်ပွဲများအတွက် အသင့်ဖြစ်နေကြောင်း ပြောကြား ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အီရန်အစ္စလာမ်မစ် ပြည်သူ့သမ္မတ နိုင်ငံ ၏ တာဝန်ရှိသူများ၏ ပြောကြားချက်အရ “ရန်သူကို ကျနော်တို့ ယုံကြည်မှု မရှိပါဘူး။ မျက်လုံးဖွင့်ထားပြီး သေနတ်ကို ချိန်ထားရင်း အချိန်မရွေး ပြန်လည်ဖြစ်ပေါ်လာနိုင်တဲ့ တိုက်ပွဲများအတွက် အပြည့်အဝ အသင့်ရှိနေပါတယ်” ဟု ဆိုထားပါတယ်။

ယာယီအပစ်အခတ်ရပ်စဲမှုသည် ဒေသတွင်းတင်းမာမှုများ လျော့နည်းစေရန် ရည်ရွယ်ထားသော်လည်း အီရန်ဘက်က ရန်သူဘက်၏ လုပ်ရပ်များကို အနီးကပ် စောင့်ကြည့်နေကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ထို့အပြင် မိမိတို့၏ အမျိုးသားလုံခြုံရေးနှင့် အကျိုးစီးပွားများကို ကာကွယ်ရန် အီရန်တပ်ဖွဲ့များသည် အမြဲတမ်း စစ်ရေးအဆင်သင့်ရှိနေမည်ဖြစ်ကြောင်းလည်း အလေးပေးပြောကြားခဲ့ပါတယ်။

ယင်းကြေညာချက်သည် ဒေသတွင်း လုံခြုံရေးအခြေအနေများ ဆက်လက် မတည်ငြိမ်သေးကြောင်းကို ထပ်မံဖော်ပြနေ သည်ဟု သုံးသပ်သူများက ပြောကြားကြပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha