၁၁ ဧပြီ ၂၀၂၆ - ၂၃:၂၃
အီရန်နှင့် အမေရိကန်အကြား ဆွေးနွေးပွဲ ၇ နာရီကျော်ကြာ ဆက်လက်ကျင်းပ

ပါကစ္စတန်နိုင်ငံ အစ္စလာမာဘတ်မြို့ရှိ စီရီနာ ဟိုတယ်အနီးရှိ ဂျင်နာခန်းမတွင် အီရန်နှင့် အမေရိကန်အကြား ညှိနှိုင်း ဆွေးနွေးပွဲများကို ၇ နာရီကျော်ကြာ ဆက်လက်ကျင်းပနေကြောင်း သိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အဆိုပါ ဆွေးနွေးညှိနှိုင်း ပွဲများတွင် ဒေသတွင်း လုံခြုံရေးအခြေအနေများ နျူကလီးယားဆိုင်ရာ အရေး ကိစ္စများ နှင့် နိုင်ငံရေးဆိုင်ရာ ဆက်ဆံရေးများအပေါ် အဓိကထား ဆွေးနွေးနေကြသည်ဟု နိုင်ငံတကာ သတင်းရင်း မြစ်များက ဖော်ပြပါတယ်။

ဆွေးနွေးပွဲကျင်းပရာနေရာဖြစ်သော စီရီနာ ဟိုတယ်ရှေ့တွင် နိုင်ငံတကာ မီဒီယာအဖွဲ့အစည်းများမှ သတင်း ထောက်များ စုဝေးရောက်ရှိကာ အစီအစဉ်အခြေအနေများကို စောင့်ကြည့်နေကြပါတယ်။

နှစ်နိုင်ငံအကြား ဆွေးနွေးမှုများသည် အချိန်ကြာမြင့်စွာ ဆက်လက်ပြုလုပ်နေခြင်းကြောင့် အရေးပါသည့် ဆုံးဖြတ်ချက်များ ထွက်ပေါ်လာနိုင်ကြောင်း လေ့လာသူများက ခန့်မှန်းထားကြပါတယ်။

ဆွေးနွေးပွဲပြီးဆုံးပြီးနောက် နှစ်ဖက်အရာရှိများမှ သတင်းထုတ်ပြန်ချက် ထုတ်ပြန်လာနိုင်ကြောင်းလည်း သတင်းရရှိ ထားပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha