အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
IRGC ၏ ပြောကြားချက်အရ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းလိုသည့် နိုင်ငံတကာ ရေယာဉ်များအနေဖြင့် အီရန်ရေတပ်၏ ခွင့်ပြုချက် ရယူရန် လိုအပ်မည်ဖြစ်ကြောင်း သိရပါတယ်။ ယင်းအမိန့်သည် ဒေသတွင်း လုံခြုံရေးအခြေအနေများနှင့် ဆက်နွယ်ပြီး အီရန်ဘက်မှ ထိန်းချုပ်မှုများ တိုးမြှင့်လိုသည့် ရည်ရွယ်ချက်ရှိကြောင်း လေ့လာသူများက သုံးသပ်ထားပါတယ်။
ဟော်မုဇ်ရေလက်ကြားသည် ကမ္ဘာ့ရေနံသယ်ယူပို့ဆောင်ရေးတွင် အရေးပါသော လမ်းကြောင်းတစ်ခုဖြစ်ပြီး နေ့စဉ် ကမ္ဘာလုံးဆိုင်ရာ ရေနံပို့ဆောင်မှု၏ အချို့အပိုင်းကြီးကို ဖြတ်သန်းနေသောနေရာဖြစ်ပါတယ်။ ထို့ကြောင့် အဆိုပါ အမိန့်အသစ် အကောင်အထည်ဖော်ပါက နိုင်ငံတကာ ကုန်သွယ်ရေးနှင့် စွမ်းအင်စျေးကွက်များအပေါ် သက်ရောက်မှု ရှိနိုင်ကြောင်း ခန့်မှန်းထားကြပါတယ်။
အမေရိကန် ၊ အစ္စရေး နှင့် ၎င်းနောက်လိုက် နိုင်ငံများက အဆိုပါ အစီအစဉ်အပေါ် စိုးရိမ်မှုများ ထုတ်ဖော် ပြောဆိုနိုင်ပြီး ဒေသတွင်း တင်းမာမှုများ ပိုမိုတက်ကြွလာနိုင်ကြောင်းလည်း သတင်းရင်းမြစ်များက ဖော်ပြထား ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment