အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အစ္စရေးတပ်မတော်၏ အရန်ဗိုလ်ချုပ်ကြီး ယစ်ဇက်ဘရိတ်က ကြေညာချက်တစ်စောင်တွင် စစ်ပွဲအတွင်း ဟားမတ်စ်နှင့် ဟစ်ဘွလ္လာဟ် တို့ လက်နက်ချလိမ့်မည်ဟု လူအများက ယုံကြည်ခဲ့ကြသော်လည်း အစ္စရေး တပ်မတော် သည် အပြီးသတ်အောင်ပွဲ ရရှိနိုင်မည်မဟုတ်ကြောင်း အလေးပေးပြောကြားခဲ့ပါတယ်။
မြေပြင်ပေါ်ရှိ လက်တွေ့အခြေအနေကို ရည်ညွှန်း၍ ၎င်းက ထပ်လောင်းပြောကြားရာတွင် ဟစ်ဘွလ္လာဟ် တွင် ယခုအခါ သိမ်းပိုက်ထားသော နယ်မြေများ၏ မြောက်ပိုင်းကို လပေါင်းများစွာ ရပ်တန့်စေနိုင်သည့် ဒုံးကျည်၊ ရော့ကတ်နှင့် ဒရုန်းထောင်ပေါင်းများစွာ ရှိနေကြောင်း ဖြစ်ပါတယ်။
ယနေ့ခေတ် အစ္စရေးတပ်မတော်သည် ဟစ်ဘွလ္လာဟ် ကို တိုက်ခိုက်ရန် သို့မဟုတ် လီတာနီမြစ်တစ်လျှောက်တွင် အချိန် ကြာမြင့်စွာ တည်ထောင်ရန် တာဝန်ကို ဆုံးဖြတ်နိုင်ခြင်း မရှိကြောင်း ၊ အစ္စရေးနိုင်ငံ၏ တည်ရှိမှုကို ခြိမ်းခြောက် နေသော ဤအခြေအနေမှ လွတ်မြောက်ရန် တစ်ခုတည်းသောနည်းလမ်းမှာ နိုင်ငံရေးနှင့် စစ်ရေး ခေါင်းဆောင်များ ကို ချက်ချင်းပြောင်းလဲရန်သာဖြစ်ကြောင်း မဟုတ်ပါက ကျွန်ုပ်တို့သည် အစ္စရေးနိုင်ငံ တည်ထောင် ခြင်း နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်သို့ မရောက်နိုင်ကြောင်း ယစ်ဇက်ဘရိတ် က ထပ်လောင်း ပြောကြားခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment