အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဇေလ်ကအ်ဒဟ်လ ၏ တနင်္ဂနွေနေ့ တွင် ဝတ်ပြုရသည့် နမာဇ် ၏ အကျိုးကျေးဇူးများ
တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) ကမိန့်တော်မူသည်။
« အို လူသားအပေါင်းတို့ ... ဇေလ်ကအ်ဒဟ်လ တွင် ဤနမာဇ်(လေးရကတ် ၊ နမာဇ်သောင်ဗဟ် ) ကို ဝတ်ပြုသူ၏ သောင်ဗဟ် ကို အလ္လာဟ် ဟိုအရှင်မြတ် လက်ခံတော်မူမည်။ သူ(ဝတ်ပြုသူ) ၏ အပြစ်များ ခွင့်လွှတ်တော်မူမည်။ ကေယာမသ် နေ့တွင် ရန်သူများပင် သူ့ (ဝတ်ပြုသူ ) ကို ကျေနပ်ကြမည်။ သူသည် အီမာန်နှင့်အတူ သေဆုံးမည်။ သူ၏သာသနာ သည် မပျက်မစီး တည်ရှိနေမည်ဖြစ်ပြီး သူ၏သင်္ချိုင်းသည် ကျယ်ဝန်းတောက်ပနေလိမ့်မည်။ မိဘများလည်း သူ့အပေါ် ကျေနပ်ကြမည်။ မိဘများနှင့် သားသမီးများအတွက်လည်း ခွင့်လွှတ်ခြင်း ရရှိမည်။ ရိက္ခာ (အသက်မွေးဝမ်းကျောင်း) တွင် ကောင်းချီးများ ပိုမိုရရှိမည်။ သေမင်းတမန်သည် သူ၏ ရူဟ်ကို နူးညံ့ လွယ်ကူစွာ နုတ်ယူမည်။ပြီးနောက် သေခြင်းလွယ်ကူမည်ဖြစ်ပါသည်။ »
ဤနမာဇ် ဝတ်ပြုနည်း
တနင်္ဂနွေနေ့တွင် ဂိုစ်လ် ပြုရမည်။ ပြီးနောက် ဝဇူ ပြုလုပ်ရမည်။
၄ ရကတ် နမာဇ် ဝတ်ပြုရမည်။ ၂ရကတ်စီ ခွဲ၍ ဝတ်ပြုရပါမည်။
ရကတ်တိုင်းတွင်
စူရဟ် ဖာသေဟဟ် ၁ ကြိမ်
စူရဟ် အက်လာဆ် ၃ ကြိမ်
စူရဟ် ဖလက် ၁ ကြိမ်
စူရဟ် နာစ် ၁ ကြိမ်
နမာဇ်ပြီးနောက် အစ်စတိဂ်ဖာရ် ကို အကြိမ် ၇၀ ဖတ်ပြီထို့နောက် အောက်ဖော်ပြပါ ဇေက်ရ် ၂ခုကို ဖတ်ရမည်။
لا حول ولا قوة إلا بالله العلي العظيم .
يا عزيز يا غفار اغفر لي ذنوبي وذنوب جميع المؤمنين والمؤمنات فإنه لا يغفر الذنوب إلا أنت .
ကျမ်းကိုးများ -
၁။အေက်ဗလိုလ်အအ်မါလ် ကျမ်း အတွဲ ၂ ၊ စာမျက်နှာ ၂၀
၂။မဖာသီဟိုလ်ဂျေနာန် ( အလ်မါလ်လေ ရှဲဟ်ရေ ဇေလ်ကအ်ဒဟ် )
၃။ ဇါဒ်ဒိုလ်အေမာဒ်
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment