၁၇ မေ ၂၀၂၆ - ၁၄:၁၅
ဟော်မုဇ်ရေလက်ကြား ကို စီမံခန့်ခွဲရန် အခွင့်အရေးအီရန်မှာ ရှိကြောင်း စစ်စတန် နှင့် ဗလူချီစတန် ပြည်နယ် မှ စွန်နီပညာရှင်များ ကြောညာ

စစ်စတန် နှင့် ဗလူချီစတန် ပြည်နယ် မှ စွန်နီပညာရှင်များက ဟော်မုဇ်ရေလက်ကြားကို ရန်သူထံ ပိတ်ခြင်းသည် ကာကွယ်ရေးဗျူဟာတစ်ခုဖြစ်ပြီး အမျိုးသားလုံခြုံရေးကို ကာကွယ်ရန် ထိရောက် သောနည်းလမ်း တစ်ခု ဖြစ်ကြောင်း ပူးတွဲကြေညာချက်တစ်စောင်တွင် ကြေညာပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr သတင်းဌာန၏ အစီရင်ခံစာတစ်ခုအရ စစ်စတန် နှင့် ဗလူချီစတန် ပြည်နယ်မှ ဆွန်နီပညာရှင်များက ဟော်မုဇ် ရေလက်ကြားကို စဉ်ဆက်မပြတ်နှင့် ပညာရှိရှိ စီမံခန့်ခွဲခြင်းနှင့် ထိန်းချုပ်ခြင်းကို ထောက်ခံခဲ့ကြပြီး ရန်သူထံ ပိတ်ခြင်းသည် အမှန်တကယ်တွင် ကာကွယ်ရေးဗျူဟာတစ်ခုဖြစ်ပြီး အမျိုးသားလုံခြုံရေးကို ပိုမို ခိုင်မာစေကြောင်း ပြောကြားခဲ့ပါတယ်။

ဟော်မုဇ်ရေလက်ကြားသည် ရန်လိုသောနိုင်ငံတိုင်း မည်သည့်အခြေအနေမှမရှိဘဲ အသုံးပြုနိုင်သည့် နိုင်ငံတကာ ရေလမ်း ကြောင်းမဟုတ်ဘဲ အီရန်နှင့် အီရန်ကျွန်းများဖြစ်သည့် အဘူမူဆာ၊ ဂရိတ်တာတန်ဘ်နှင့် လက်ဆာတန်ဘ် တို့တွင် တည်ရှိပြီး ဓလေ့ထုံးတမ်းနှင့် ဥပဒေအရ သော့ချက်သည် အိမ်တွင်ရှိသည်ဟု ကြေညာချက်တွင် ဖော်ပြ ထား ပါတယ်။

စွန်နီပညာရှင်များက ဘာသာရေးနှင့် ဓလေ့ထုံးတမ်းအရ ရန်သူသည် အိမ်နီးချင်းနိုင်ငံများ၏ ပင်လယ်၊ ကုန်းမြေနှင့် လေပိုင်နက်မှ တိုက်ခိုက်သည့်အခါ၊ ထိုကဲ့သို့သော အခြေအနေများတွင်၊ တရားဝင် ကာကွယ်ရေးမူများ နှင့် «  لا ضرر و لا ضرار »  ဆိုသည့်ရှရီအီ စည်းမျဉ်းဥပဒေ အရ အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ သည် မိမိ ၏ကိုယ်ပိုင်လုံခြုံရေးအတွက် ဟော်မုဇ်ရေလက်ကြားတွင် သွားလာမှုကို ထိန်းညှိရန်နှင့် ကျူးကျော်နိုင်ငံများနှင့် ဆက်နွယ်နေသော မည်သည့်စစ်သင်္ဘော သို့မဟုတ် ကုန်တင်သင်္ဘောမဆို ပါရှန်းပင်လယ် ကွေ့အတွင်းသို့ ဝင်ရောက်ခြင်းကို တားဆီးရန် အခွင့်အရေးရှိကြောင်း ပြောကြားခဲ့ကြပါ တယ်။

ထို့အပြင် ကြေညာချက်တွင် စွန်နီပညာရှင်များသည် မက္ကရန်ကမ်းရိုးတန်းတွင် နေထိုင်သော စွန်နီမျိုးနွယ်စုများ နှင့်အတူ အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ်နှင့် အီရန်ရေတပ်သို့ ဖြစ်နိုင်သမျှ အကူအညီများပေးရန် အသင့်ရှိနေကြောင်းလည်း ဖော်ပြထားပါတယ်။

စွန်နီပညာရှင်များက ပါရှန်ပင်လယ်ကွေ့ရှိ ကမ်းရိုးတန်းနိုင်ငံအချို့၏ အုပ်ချုပ်သူများသည် ဒေသတွင်း စုပေါင်း လုံခြုံရေးကို ဆန့်ကျင်သည့် လုပ်ဆောင်ချက်များအတွက် တာဝန်ရှိသည်ဟု ယူဆခဲ့ကြပြီး ဤအုပ်ချုပ်သူများ သည် အီရန်မှ နှစ်ပေါင်းများစွာ ပေးအပ်ထားသော လုံခြုံရေးမှ အကျိုးကျေးဇူးများ ရရှိနေခဲ့သော်လည်း ယခုအခါ အီရန်ကို ရန်လိုရန် ၎င်းတို့၏ မြေနှင့် အဆောက်အအုံများကို အမေရိကန်ပြည်ထောင်စုနှင့် ဇီယွန်ဝါဒီအစိုးရထံ ကမ်းလှမ်းခဲ့ကြပြီး ၎င်းသည် အိမ်နီးချင်းကောင်းကို ရှင်းရှင်းလင်းလင်း ချိုးဖောက်ခြင်းဖြစ်ပြီး ဒေသတွင်း စုပေါင်းလုံခြုံရေးကို သစ္စာဖောက်ခြင်းဖြစ်သည်ဟု ဆိုကြပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha