အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဂိုရရိုလ်ဟေကမ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါ အတိုင်း အရဘီ စာသား လာရှိပါတယ်။
قال امیرالمؤمنين علیه السلام:
مَنْ أَبْصـَرَ زَلَّتـَهُ صَغُرَتُ عِنْدَهُ زَلَّةُ غـَيْرِهِ
အမီးရိုလ်မိုအ်မေနီးန် အေမာမ် အလီ (အလိုင်ဟစ်စလာမ်) မိန့်တော် မူ၏။
« အကြင်မည်သူမဆို မိမိ၏အမှားများကို ကြည့်ရှုပါက သူတစ်ပါး၏အမှားများသည် သေးငယ်သည်ဟု မြင်ရ ပေမည်။ »
ကျမ်းကိုး ။ ။ ဂိုရရိုလ်ဟေကမ် ကျမ်း ၊ အတွဲ ၅ ၊ စာမျက်နှာ ၃၆၂
မှတ်ချက် - အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးသုံးသပ်ရမည်ဆိုလျှင် လူတစ်ယောက်ဟာ ကိုယ့်အမှားတွေကို အမြဲ ပြန်စဉ်းစားပြီး ကိုယ့်ကိုယ်ကို စိစစ်နေတတ်ရင်၊ သူတစ်ပါးရဲ့ အမှားတွေကို အလွန်အကျွံ မပြစ်တင်တော့ဘူးဆိုတာဖြစ်ပါတယ်။ အကြောင်းကတော့ ကိုယ့်မှာလည်း အမှားတွေရှိနေတယ်ဆိုတာ သိနေတဲ့ အတွက် အခြားသူတွေကို နားလည်သဘောထားပြီး ခွင့်လွှတ်တတ်လာမှာဖြစ်ပါတယ်။
****************************************************************
END / 251
Your Comment