၂၂ မေ ၂၀၂၆ - ၂၂:၄၃
လက်ဘနွန်တောင်ပိုင်းရှိ ဇီယွန်ဝါဒီစစ်သားများ၊ ဟစ်ဇ်ဘိုလာအတွက် လွယ်ကူသောပစ်မှတ်များဖြစ်

လက်ဘနွန်တောင်ပိုင်းရှိ ဇီယွန်ဝါဒီအစိုးရ၏ စစ်သားများသည် ဟစ်ဇ်ဘိုလာအတွက် လွယ်ကူသော ပစ်မှတ်များဖြစ်လာခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

IRNA ၏ အဆိုအရ မီဒီယာရင်းမြစ်များက တောင်ပိုင်းလက်ဘနွန်တွင် ဇီယွန်ဝါဒီစစ်သားများ သေဆုံးမှု အရေ အတွက် တိုးလာခြင်းကြောင့် အစ္စရေးစစ်တပ်အရာရှိများကြား မကျေနပ်မှုများ ပျံ့နှံ့သွားကြောင်း ဖော်ပြခဲ့ ပါတယ်။

အစ္စရေးစစ်တပ်အရာရှိများက တောင်ပိုင်းလက်ဘနွန်ရှိ ၎င်းတို့၏စစ်သားများသည် ဟစ်ဇ်ဘိုလာအတွက် တက်ကြွသောပစ်မှတ်များဖြစ်လာကြောင်း ပြောကြားခဲ့ကြောင်း IRNA ၏ ဖော်ပြချက်အရ သိရပါတယ်။

ဤအစီရင်ခံစာအရ အစ္စရေးစစ်တပ်အရာရှိအချို့က စစ်သားများကို အပြည့်အဝအာဏာပေးရန် သို့မဟုတ် ထိုဒေသမှ ချက်ချင်းထွက်ခွာရန် တောင်းဆိုခဲ့ကြပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha