အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အစ္စရေးမြောက်ပိုင်းတွင် လေယာဉ်ငယ်တစ်စင်း ပျက်ကျမှုကြောင့် အစ္စရေးလေသူရဲနှစ်ဦး သေဆုံးသွားကြောင်း ဟီဘရူးမီဒီယာများက သတင်းဖော်ပြခဲ့ကြပါတယ်။
အဆိုပါသတင်းများအရ ယင်းဖြစ်စဉ်သည် ဂျက်ဇ်ရီရယ် (Jezreel) ချိုင့်ဝှမ်းရှိ “တယ်လ်အာဒါရှမ်” (Tel Adashim) ဒေသတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ လေယာဉ်အုပ်စုမှူးဟောင်း ဒုဗိုလ်မှူးကြီး (အငြိမ်းစား) “ယူဗယ်လ် အမ်ဘာ” (Yuval Enbar) နှင့် အသက် ၇၀ အရွယ် ဒုဗိုလ်မှူးကြီး “အီတေး တယ်လ်မီ” (Itay Talmi) တို့ အသက် ဆုံးရှုံးခဲ့ကြောင်း သိရပါတယ်။
အဆိုပါလေယာဉ်သည် ၂၀၂၆ ခုနှစ်၊ မေလ ၂၄ ရက်နေ့တွင် ပျက်ကျခဲ့ခြင်းဖြစ်ပြီး လေသူရဲနှစ်ဦးစလုံး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဟီဘရူးဘာသာစကားဖြင့် ထုတ်လွှင့်သော သတင်းရင်းမြစ်များက အတည်ပြုခဲ့ ကြပါတယ်။
ဤလေယာဥ်ငယ်ပျက်ကျမှုဟာ ရိုးရိုးလား ? ဟစ်ဘိုလာ လက်ချက်ကြောင့်လား ? ဆိုတာတော့ ဟီဘရူးမီဒီယာ အသိဆုံးဖြစ်ပါမယ်။ အကြောင်း မှာ အစ္စရေး မီဒီယာ အားလုံးနီးပါး ဟာ မိမိတို့ လူမျိုးများ ၊နိုင်ငံ နှင့်ပတ်သက်ပြီး သတင်းမှန်များကို ဖုံးကွယ်လေ့ ရှိသည့် အတွက်ကြောင့် ဖြစ်ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment