၂ ဇွန် ၂၀၂၆ - ၂၃:၂၅
လုပ်ဆောင်ချက်တွင် အိခ်လာ့စ် ၏ အရေးပါမှု

အမီးရိုလ်မိုအ်မေနီးန် အေမာမ် အလီ (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် လုပ်ဆောင်ချက်တွင် အိခ်လာ့စ် ၏ အရေးပါမှု နှင့်ပတ်သက်ပြီး မိန့်တော် မူထား ပါတယ်။ ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဂိုရရိုလ်ဟေကမ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

قال امیرالمؤمنين علیه السلام:

العَملُ کُلُّهُ هَباءٌ إلاّ ما اُخْلِصَ فیهِ.

အမီးရိုလ်မိုအ်မေနီးန် အေမာမ် အလီ  (အလိုင်ဟစ်စလာမ်)   မိန့်တော် မူ၏။

« အလုပ်ကောင်းများအားလုံးသည် ‘အိခ်လာ့စ်’ (စင်ကြယ်သောစိတ်၊ သန့်ရှင်းသောရည်ရွယ်ချက် ၊ အလ္လာဟ် နှစ်သက်မှု ) မရှိလျှင် အကျိုးမရှိသလို ပျောက်ကွယ်သွားမည်။ အလ္လာဟ်အတွက် စစ်မှန်သောစိတ်ဖြင့် ပြုလုပ် သောအလုပ်သာ တန်ဖိုးရှိသည်။  နားလည်အောင်ပြောရလျင် အလုပ်ကောင်းများအားလုံးသည် ‘အိခ်လာ့စ်’  (စင်ကြယ် သောစိတ်၊ သန့်ရှင်းသောရည်ရွယ်ချက် ၊ အလ္လာဟ် နှစ်သက်မှု ) မရှိလျှင် အကျိုးမရှိသလို ပျောက်ကွယ် သွားမည်။ အလ္လာဟ်အတွက် စစ်မှန်သောစိတ်ဖြင့် ပြုလုပ်သောအလုပ်သာ တန်ဖိုးရှိသည်။ »

ကျမ်းကိုး ။ ။ ဂိုရရိုလ်ဟေကမ် ကျမ်း ၊ ဟဒီးစ်တော် ၁၄၀၀

မှတ်ချက်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးသုံးသပ်ရမည်ဆိုလျှင်  ‘အလုပ်၏အပြင်ပန်းထက် ရည်ရွယ် ချက် က ပိုအရေးကြီးသည်’ ဆိုတဲ့ သဘောကို သိရှိရမှာဖြစ်ပါတယ်။ လူတစ်ယောက်က လှူဒါန်းနိုင်တယ် ၊ ကူညီနိုင်တယ် ၊ ဘာသာရေးဆိုင်ရာအလုပ်တွေ လုပ်နိုင်တယ်။ ဒါပေမယ့် အဲဒါတွေကို လူတွေချီးကျူးဖို့ ၊ မိမိနာမည်ကြီးဖို့ ၊ အများရှေ့မှာ ကောင်းသူဖြစ်ချင်လို့ လုပ်တာဆိုရင် အပြင်ပန်းက ကောင်းပေမယ့် အလ္လာဟ် ရှေ့မှာ စင်ကြယ်မှုမပြည့်စုံနိုင်သည့်လုပ်ရပ်ဖြစ်သွားပါတယ်။ တကယ်တန်ဖိုးရှိတာက အလ္လာဟ်၏ ကျေနပ်မှု ကိုသာ ရှာဖွေခြင်း ၊ ပြသလိုစိတ် မပါခြင်း ၊ စိတ်ရင်းမှန်ခြင်း ၊ အကျိုးပြန်မမျှော်ခြင်း တို့နှင့် လုပ်တဲ့ အလုပ်ဖြစ် ပါတယ်။

****************************************************************

END / 251

Tags

Your Comment

You are replying to: .
captcha