၁၁ ဇွန် ၂၀၂၆ - ၂၃:၅၈
ထရမ့်ရဲ့ ခြိမ်းခြောက်မှုများသည်  အီရန်၏ ရေနံနှင့် ဂက်စ် (ခ) သဘာဝဓာတ်ငွေ့ကို သိမ်းပိုက်ချင် သည့် အတွက် ကြောင့် ဖြစ်

ထရမ့်ဟာ အီရန်ကို တိုက်ခိုက်မယ်ဆိုသည့် ခြိမ်းခြောက်မှုအသစ်များ ထုတ်ပြန်ပြီး စွမ်းအင်အရင်းအမြစ်တွေကို သိမ်းပိုက်ဖို့ သူ့ရဲ့ဆန္ဒကို ထပ်မံဖော်ပြခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr သတင်းဌာနရဲ့ သတင်းတစ်ပုဒ်အရ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ အီရန်၏ ရေနံနှင့် ဂက်စ် (ခ) သဘာဝဓာတ်ငွေ့သိုက်များ နှင့်အခြေခံအဆောက်အအုံတချို့ကို ထိန်းချုပ်နိုင်စွမ်းရှိတယ်လို့ အီရန်ကို ခြိမ်းခြောက် တဲ့ ကြေညာချက်တွေ ထပ်မံထုတ်ပြန်ခဲ့ပါတယ်။

အသေးစိတ်အချက်အလက်တွေအရ ထရမ့်က အီရန်ရဲ့ နေရာတချို့ကို တိုက်ခိုက်ဖို့ ရည်ရွယ်ထားပြီး အနာဂတ်မှာ ပိုမိုတင်းကျပ်တဲ့ အစီအမံတွေ ချမှတ်သွားမယ်လို့ ဆိုပါတယ်။

သမ္မတထရမ့်က အီရန်ရဲ့ အရေးကြီးတဲ့ ရေနံစက်ရုံတွေနဲ့ Kharg ကျွန်းလို မဟာဗျူဟာကျတဲ့နေရာတွေကို လွှမ်းမိုးခြင်းအားဖြင့် စွမ်းအင်ဈေးကွက်ကို ထိန်းချုပ်လိုကြောင်းလည်း ပြောကြားခဲ့ပါတယ်။

အီရန်ဟာ လေကြောင်းအင်အားနဲ့ ကာကွယ်ရေးစွမ်းရည်တချို့ ဆုံးရှုံးသွားပြီလို့ ထရမ့်က ထပ်မံပြောဆိုခဲ့ပေမယ့် နိုင်ငံတကာသတင်းရင်းမြစ်တွေနဲ့ လေ့လာသုံးသပ်သူအများအပြားက ဒီကြေညာချက်တွေကို အတိတ်က ချဲ့ကားပြောဆိုမှုတွေနဲ့ နိုင်ငံရေးလှည့်ကွက်တွေအဖြစ် ဖော်ပြခဲ့ကြပါတယ်။

အီရန်နဲ့ပတ်သက်ပြီး ထရမ့်ဟာ အရင်ကလည်း ပြင်းထန်ပြီး အငြင်းပွားဖွယ်ရာ ပြောဆိုချက်တွေ အများအပြား ပြုလုပ်ခဲ့ဖူးပြီး နိုင်ငံတကာမီဒီယာတွေမှာ ဝေဖန်မှုတွေနဲ့ လှောင်ပြောင်မှုတွေ ခံခဲ့ရတယ်ဆိုတာ သတိရ သင့်ပါ တယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha