အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အေမာမ် ဟိုစိုင်းန် (အ.စ) ၏ ရောင်ဇာတော် ၏ တိုးချဲ့ရေးစီမံကိန်းဌာန အကြီးအကဲ အင်ဂျင်နီယာ ဟိုစိုင်းန်ရေဇာ မဲဟ်ဒီ က ရောင်ဇာ တော်၏ တရားဝင်ဝဘ်ဆိုဒ်နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားရာ၌ သလ်လေ ဇိုင်နဗ် ဘီယဟ် ကို ဇေယာရသ်ပြုသူ အမျိုးသမီးများအတွက် ဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်မှာ နေရာလွတ် ပိုမိုရရှိစေရန်နှင့် ဇေယာရသ် ပြုသူ များ၏ အဝင်အထွက်ကို ပိုမိုလွယ်ကူချောမွေ့စေရန်ဖြစ်ကြောင်း ပြောကြား ခဲ့ပါတယ်။
၎င်းက ဆက်လက်ပြောကြားရာတွင် ဤအစီအစဉ်အတွက် သလ်လေ ဇိုင်နဗ် ဘီယဟ် တစ်ခုလုံးတွင် ကော်ဇော များ ခင်းကျင်းထားပြီး၊ ဝမ်းနည်းပူဆွေးခြင်း အထိမ်းအမှတ်အဖြစ် အနက်ရောင် နဖူးစည်းစာတန်းများနှင့် အလံများ ကို ချိတ်ဆွဲထားကြောင်း၊ ထို့အပြင် နေရာတော်၏ သန့်ရှင်းစင်ကြယ်မှုကို ဂုဏ်ပြုသောအားဖြင့် အပြည့်အဝ သန့်ရှင်းရေးပြုလုပ်ခြင်းနှင့် နံ့သာမွှေးများ ဖြန်းပက်ခြင်းတို့ကိုလည်း ဆောင်ရွက်ထားကြောင်း ဖြစ်ပါ တယ်။
ထို့အပြင် ဇေယာရသ်ပြုသူ အမျိုးသမီးများ အသွားအလာ ချောမွေ့စေရန်၊ လူစုလူဝေး ကြပ်ညပ်မှုများမှ ကင်းဝေးစေရန်နှင့် နမာဇ် ဝတ်ပြုမှုများတွင် ငြိမ်းချမ်းပြီး နာမ်ပိုင်း ဆိုင်ရာ လန်းဆန်းမှုကို ရရှိစေရန်အတွက် သီးသန့် လမ်းကြောင်းများကိုလည်း သတ်မှတ်ပေးထားကြောင်း သိရပါတယ်။







ယခုလုပ်ဆောင်ချက်အားလုံးသည် အေမာမ် ဟိုစိုင်းန် (အ.စ) ရောင်ဇာတော် အထွေထွေအတွင်းရေးမှူးရုံး၏ ဘက်စုံဝန်ဆောင်မှု စီမံကိန်း၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး၊ အီရတ်နိုင်ငံအတွင်းနှင့် ပြည်ပနိုင်ငံအသီးသီးမှ လာရောက်ကြသော ဝမ်းနည်းခြင်းအထိမ်းအမှတ် ပြုလုပ်သူအမျိုးသမီးများအား အကောင်းဆုံးသော ဝန်ဆောင်မှုနှင့် အဆင်ပြေချောမွေ့မှုများ ပေးနိုင်ရန် ရည်ရွယ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့ပါတယ်။
ဤကဲ့သို့ ကျယ်ကျယ်ပြန့်ပြန့် စီစဉ်ပေးရခြင်း၏ ရည်ရွယ်ချက်မှာ ဇေယာရသ် ပြုသူအမျိုးသမီးများ အနေဖြင့် ဤကြေကွဲဖွယ်ရာ အထိမ်းအမှတ်နေ့တွင် အဲဟ်လေ့ဘိုက်(သ) (အ.စ) နှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြောင်း ဖော်ပြ နိုင်ရန်နှင့် ကရ်ဘလာဖြစ်ရပ်တွင် ဟဇရသ်ဇိုင်နဗ် (စ.အ) ပြသခဲ့သော စိတ်ရှည်သည်းခံမှု၊ ကြံ့ခိုင်မှုနှင့် လူသားချင်း စာနာမှုဆိုင်ရာ တန်ဖိုးထားမှုများမှ လမ်းညွှန်ချက်များ ရယူနိုင်ရန်အတွက် ဖြစ်ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment