၂၄ ဇွန် ၂၀၂၆ - ၂၃:၅၈

အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ နောက်လိုက်များဖြစ်ကြသည့် ရှီအဟ်မွတ်စလင်မ်များအတွက် အရေးကြီးဆုံး အချက်မှာ နမာဇ်ကို အောင်ဝဲလ်လေဝက်သ် (အဇါန်အချိန်ရောက်ပြီးချက်ခြင်း ) တွင် ဂျမာအသ် ဖြင့် ဝတ်ပြုနိုင် ရန် ကြိုးပမ်းအားထုတ်ခြင်းပင် ဖြစ်ပါတယ်။ အကြောင်းမှာ ကရ်ဘလာ စစ်မြေပြင်တွင် အေမာမ်ဟိုစိုင်းန် (အ.စ) သည် သာသနာတော်ကို ပြန်လည်ထူထောင်ရန်နှင့် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကို တည်တံ့စေရန်အတွက် အသက်ပေး၍ ကြွမြန်းတော်မူခဲ့ခြင်းကြောင့် ဖြစ်သည်။

မရ်ဂျအ် (သာသနာ့အဓိပတိ) များ၏ အမြင်နှင့် သုံးသပ်ချက်

အေမာမ် ခိုမေနီ (ရ.ဟ)၊ အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီခါမေနာအီ (ရ.ဟ) ၊ အာယာသွလ္လာဟ် အလ်အွဇ်မာ ဘဲဟ်ဂျသ် (ရ.ဟ)၊ အာယာသွလ္လာဟ် အလ်အွဇ်မာ သဗ်ရေဇီ (ရ.ဟ)၊ အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ စစ်သာနီ ၊ အာယာသွလ္လာဟ် အလ်အွဇ်မာ ဆာဖီ ဂိုလ်ဗိုင်ဂန်နီ (ရ.ဟ)၊ အာယာသွလ္လာဟ် အလ်အွဇ်မာ ဖွာဒွေလ် လန်ကရာနီ (ရ.ဟ)၊ အာယာသွလ္လာဟ် အလ်အွဇ်မာ မကာရေမ် ရှီးရာဇီး၊ အာယာသွလ္လာဟ် အလ်အွဇ်မာ နူးရီ ဟန်မ်ဒါနီ နှင့် အာယာသွလ္လာဟ် အလ်အွဇ်မာ ဝဟီးဒ် ခိုရာစာန်နီ တို့၏ ဘုံသဘောထားမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

အာရှုရာနေ့ (စစ်မက်ဖြစ်ပွားနေချိန်) တွင်ပင် အေမာမ်ဟိုစိုင်းန် (အ.စ) သည် မိမိ၏ ရှေ့ဆောင်မှုဖြင့် ဇဟိုရ်နမာဇ်ကို ဂျမာအသ်ဖြင့် အောင်ဝဲလ်လေဝက်သ်တွင် ဝတ်ပြုခဲ့ပါသည်။ (အောင်ဝဲလ်လေဝက်သ် ဆိုသည်မှာ အဇါန်ပေးချိန်မှစ၍ နမာဇ်ဝတ်ပြုရန် လိုအပ်သည့် အချိန်အတိုင်းအတာအတွင်းကို ဆိုလိုသည်)။ ထို့ကြောင့် နမာဇ်အား ဂျမာအသ်ဖြင့် ဝတ်ပြုခြင်းသည် အခြားမည်သည့် ဘာသာရေးလုပ်ငန်းများထက်မဆို ပို၍ အရေးကြီး ပါတယ်။

ကရ်ဗလာတွင် အေမာမ်ဟိုစိုင်းန် (အ.စ)၊ သာဝကတော်များနှင့် အိမ်သူအိမ်သားများ၏ ပေးဆပ်မှု၊ ဆင်းရဲ ဒုက္ခခံမှု အားလုံးသည် သာသနာတော် တည်တံ့ပြန့်ပွားရေးအတွက် ဖြစ်ပါတယ်။ အလ္လာဟ်အရှင်မြတ်အား သိနား လည်ခြင်း (မအ်ရေဖသ်) ပြီးနောက် နမာဇ်ဝတ်ပြုခြင်းသည် အမြင့်မြတ်ဆုံး အမိန့်တော် ဖြစ်ပါတယ်။

သုံးသပ်ချက် ရလဒ်

နမာဇ်အချိန်ရောက်ပါက အောင်ဝဲလ်လေဝက်သ်တွင် နမာဇ်ကို ဂျမာအသ်ဖြင့် အရင်ဆုံး ဝတ်ပြုသင့်ပါတယ်။ ထို့နောက်မှသာ အဇါဒါရီ (ဝမ်းနည်းခြင်းအထိမ်းအမှတ် ပြုလုပ်ခြင်း)၊ မဂျ်လစ် (တရားပွဲ) ကျင်းပခြင်းနှင့် အလံ တော်များ ဖြင့် လှည့်လည်ခြင်းတို့ကို ပြုလုပ်ရမည် ဖြစ်ပါတယ်။

မှတ်ချက် - အီရန်နိုင်ငံ၏ အချို့နေရာများတွင် မဂ်ရိဗ်နှင့် အေရှာနမာဇ်ကို ဂျမာအသ်ဖြင့် ဦးစွာဝတ်ပြုကြပြီး၊ ထို့နောက်မှ ဇေယာရသ်အာရှုရာ ဖတ်ကြားခြင်းနှင့် အေမာမ်ဟိုစိုင်းန် (အ.စ) အတွက် ဝမ်းနည်းခြင်း အထိမ်း အမှတ် မဂျ်လစ်များကို ပြုလုပ်ကြပါတယ်။

ကျမ်းကိုး -

    فاضل، جامع المسائل، ج 1 س 2176 و 2177

    نورى၊ استفتاءات၊ ج 2၊ س 599

    دفتر: تمام مراجع

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha