အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
IRNA ၏ အဆိုအရ အမေရိကန်အထက်လွှတ်တော်သည် အီရန်အပေါ် သမ္မတထရမ့်၏ စစ်အင်အားကို ၅၀ မဲမှ ၄၈ မဲဖြင့် ကန့်သတ်ရန် ဆုံးဖြတ်ချက်တစ်ရပ်ကို အတည်ပြုခဲ့ပါတယ်။
ဤဆုံးဖြတ်ချက်ကို အမေရိကန်အောက်လွှတ်တော်က အတည်ပြုပြီးဖြစ်ပါတယ်။
ဆုံးဖြတ်ချက်တွင် အီရန်အပေါ် စစ်ရေးအရ လုပ်ဆောင်မှုများကို ရပ်တန့်ရန် ထရမ့်အား တောင်းဆိုထားပါတယ်။
ဤဆုံးဖြတ်ချက်သည် အီရန်အပေါ် ထရမ့်၏ စစ်အင်အားကို ကန့်သတ်ထားပြီး စစ်ပွဲမစတင်မီ ကွန်ဂရက် လွှတ်တော်မှ ခွင့်ပြုချက်ရယူရမည်ဟု ဖော်ပြထားပါတယ်။
ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် ရန်းဒ် ပေါလ် ၊ ဆူဇန် ကောလင်းစ် ၊ လီဆာ မာခေါ့စကီး နှင့် ဘေးလ် ကတ်စဒီ တို့သည်လည်း ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ်များနှင့်အတူ ဆုံးဖြတ်ချက်ကို ထောက်ခံမဲ ပေးခဲ့ကြ ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment