ဘာရိန်း နှင့် ယီမင်နိုင်ငံမှ ပညာရှင်များ ပါဝင်တက်ရောက်

“နိုင်ငံ့ခေါင်းဆောင်၏ မဟာဗျူဟာနှင့် ယဉ်ကျေးမှုအမွေအနှစ်” အစည်းအဝေးမှ အစီရင်ခံစာ၊

အစ္စလာမ် ကမ္ဘာ ထက်ကျော်လွန်သော ကြီးကျယ်သောဖြစ်ရပ်တစ်ခုဖြစ်သည့် အာဇာနည်ခေါင်းဆောင်၏ ဈာပနအခမ်းအနား
၃၀ ဇွန် ၂၀၂၆ - ၂၃:၃၅
“နိုင်ငံ့ခေါင်းဆောင်၏ မဟာဗျူဟာနှင့် ယဉ်ကျေးမှုအမွေအနှစ်” အစည်းအဝေးမှ အစီရင်ခံစာ၊

အာဇာနည်ခေါင်းဆောင် (ရှဟီးဒ် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ )၏ ရုပ်ကလာပ်ကို သင်္ဂြိုဟ်မည့် သမိုင်းဝင်အခမ်းအနားမတိုင်မီ ယီမင်နှင့် ဘာရိန်း နိုင်ငံမှ ထင်ရှားသော လေ့လာသုံးသပ်သူနှစ်ဦး တက်ရောက်သည့် “အစ္စလာမ့်အသိုက်အဝန်း၏ အာဇာနည် ခေါင်းဆောင်၏ မဟာဗျူဟာနှင့် ယဉ်ကျေးမှုအမွေအနှစ်” ခေါင်းစဉ်ဖြင့် အထူးဆွေးနွေးပွဲတစ်ရပ်ကို ကျင်းပခဲ့ ပါတယ်။ အာဇာနည်ခေါင်းဆောင် (ရှဟီးဒ် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ) ၏ အတွေးအခေါ်၊ ယဉ်ကျေးမှုဆိုင်ရာ အခန်းကဏ္ဍနှင့် ဒေသတွင်း သက်ရောက်မှုများကို ဆန်းစစ်သည့် ဤဆွေးနွေးပွဲတွင်၊ ယီမင်နှင့် ဘာရိန်း ကဲ့သို့သော နိုင်ငံများတွင် ရှဟီးဒ် ၏ ဝါဒဖြန့်ကျက်မှုအပေါ် စိုးရိမ်နေကြသည့် အစွန်းရောက်အုပ်စုများနှင့် လက်ကိုင်တုတ်အစိုးရများ၏ အကြောင်းရင်းကို ပညာရှင်များက သုံးသပ်ခဲ့ကြပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အစ္စလာမ့်တော်လှန်ရေး၏ ကြီးမြတ်သော ရဲဘော်နှင့် အာဇာနည်ခေါင်းဆောင်ကို သင်္ဂြိုဟ်မည့် သမိုင်းဝင် အခမ်းအနားမတိုင်မီတွင်၊ ယီမင်နိုင်ငံမှ ပညာရှင်နှင့် သုတေသီ ဒေါက်တာ အေဆာမ်မိုလ်အေမါဒ် နှင့် ဘာရိန်းနိုင်ငံမှ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ဒေါက်တာ ရာရှစ်ဒ်ဒိုရ်ရာရှစ်ဒ် တို့ တက်ရောက် မိန့်ခွန်း ပြောကြား သည့် “အစ္စလာမ့်အသိုက်အဝန်း၏ အာဇာနည်ခေါင်းဆောင်၏ မဟာဗျူဟာနှင့် ယဉ်ကျေးမှုအမွေအနှစ်” အထူးဆွေးနွေးပွဲကို အဗ်နာသတင်းဌာန၏ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါတယ်။

တော်လှန်ရေးခေါင်းဆောင် ကွယ်လွန်ပြီးနောက် ယဉ်ကျေးမှုနှင့် နိုင်ငံရေး တော်လှန်ရေး

ယီမင်နိုင်ငံမှ ပညာရှင် ဒေါက်တာ အေဆာမ်မိုလ်အေမါဒ် က ဆွေးနွေးပွဲတွင် တော်လှန်ရေး၏ အာဇာနည် ခေါင်းဆောင် အား ချီးကျူးဂုဏ်ပြုခဲ့ပြီး ၎င်း၏ ကွယ်လွန်မှုသည် လူသားထုတစ်ရပ်လုံးတွင် “ယဉ်ကျေးမှုနှင့် နိုင်ငံရေး တော်လှန်ရေး” ကို ဖြစ်ပေါ်စေနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။ ထို့အပြင် ၎င်း၏ ဈာပနသည် အစ္စလာမ့်လောကကို ကျော်လွန်ကာ ကမ္ဘာ့ပြည်သူများ၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်သည့် ကြီးမားသော ဖြစ်ရပ်တစ်ခု ဖြစ်လာလိမ့်မည်ဟု ခန့်မှန်းပြောဆိုခဲ့ပါတယ်။

ကမ္ဘာတစ်ဝှမ်းတွင် အဝေး မှ နမာဇ်ဇေ မိုင်းယသ် ဖတ်ပေးခြင်း

ဒေါက်တာ အေဆာမ်မိုလ်အေမါဒ် က ဤဖြစ်ရပ်ကို နိုင်ငံတကာအဆင့်တွင် ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် အတွက် ကမ္ဘာတစ်ဝှမ်းရှိ ဗလီများမှ အေမာမ် များ (အထူးသဖြင့် စွန်နီနှင့် ဇိုက်ဒီများ၊ ၎င်းတို့သည် အဝေးမှ နမာဇ်ဇေ မိုင်းယသ် ကို ခွင့်ပြုထားပါတယ် ) အနေဖြင့် ဈာပနအခမ်းအနားနှင့် တစ်ပြိုင်နက်တည်း ဝေးကွာရာမှ နမာဇ်ဇေ မိုင်းယသ် ကို ဆောင်ရွက်ပေးရန် အကြံပြုခဲ့ပါတယ်။  ဤလှုပ်ရှားမှုသည် အာဇာနည်စိတ်ဓာတ်ကို မြှင့် တင်ပေး သည့် ကမ္ဘာလုံးဆိုင်ရာ ဖြစ်ရပ်တစ်ခု ဖြစ်လာစေရန် ရည်ရွယ်ပါတယ်။

ယီမင်မှ ဗါဗိုလ်မန်ဒက်ဗ် ရေလက်ကြားအထိ ခုခံရေးတပ်ဦးအပေါ် အာဇာနည်ခေါင်းဆောင်၏ မဟာဗျူဟာ မြောက် အမြင်

၎င်းက ဆက်လက်ပြောကြားရာတွင် ယီမင်၏ အစ္စလာမ့်နိုးထမှုတွင် တော်လှန်ရေးခေါင်းဆောင်၏ မဟာဗျူဟာ မြောက် အခန်းကဏ္ဍကို ထည့်သွင်းပြောကြားခဲ့ပြီး၊ ၎င်းသည် အန်ဆွာရိုလ္လာဟ် လှုပ်ရှားမှု ပေါ်ပေါက်လာရေးတွင် အထိရောက်ဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း၊ ဗဒရ်ရိုဒ်ဒီးန် အလ်ဟူစီ  နှင့် ဆယက်ဒ် အဗ်ဒိုလ်မလစ်က် အလ်ဟူစီ တို့ကဲ့သို့သော ပုဂ္ဂိုလ်များနှင့် ဆယ်စုနှစ်များစွာကတည်းက ဉာဏပိုင်းဆိုင်ရာနှင့် ယဉ်ကျေးမှုဆိုင်ရာ ဆက်သွယ် မှုများ ရှိခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။  ဒေါက်တာ အေဆာမ်မိုလ်အေမါဒ် ၏ အဆိုအရ တော်လှန်ရေးခေါင်း ဆောင်သည် နှစ်ပေါင်းများစွာကတည်းက ဗါဗိုလ်မန်ဒက်ဗ် ရေလက်ကြား၏ မဟာဗျူဟာမြောက် အရေးပါမှုကို ကြိုတင်မြင်တွေ့ခဲ့ပြီး ယီမင်နှင့် ယဉ်ကျေးမှုဆိုင်ရာ ဆက်ဆံရေးကို ခိုင်မာစေရန်အတွက် “နာဆေရ် အတ်ထရိုရှ်” ၏ ဂူဗိမာန်ကို ပြန်လည်ပြုပြင်ရန်ပင် ညွှန်ကြားခဲ့ပါတယ်။

၎င်းက ဆက်လက်၍ “ဤကြီးမြတ်သော အာဇာနည်သည် ဘက်စုံထူးချွန်သူတစ်ဦး ဖြစ်ကြောင်း နိုင်ငံရေးနှင့် စစ်ရေးကိစ္စရပ်များတွင် ကျွမ်းကျင်ရုံသာမက အမေရိကန်နှင့် အစ္စရေးကိုလည်း ကောင်းစွာသိရှိနားလည်ကြောင်း ထို့အပြင် သမိုင်း၊ ဒဿနိက၊ ဝိဇ္ဇာနှင့် ပါရှန်း၊ အာရဗ်၊ တူရကီ စာပေများတွင်လည်း ထူးချွန်သူ ဖြစ် ကြောင်းပြောကြားခဲ့ပါတယ်။

ယီမင်နိုင်ငံမှ ဤပညာရှင်သည် တော်လှန်ရေးခေါင်းဆောင်နှင့် ဆယဒ် ကုသ်ဗ်) တို့၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များကို နှိုင်းယှဉ်ရင်း၊ တော်လှန်ရေးခေါင်းဆောင်သည် ကုရ်အာန်၏ နိုင်ငံရေးရှုထောင့်ကိုသာ အလေးပေးသည့် အချို့သော အစ္စလာမ့်အုပ်စုများနှင့်မတူဘဲ “နိုင်ငံရေး နှင့် နာမ်ရေး” ကို နက်နက်ရှိုင်းရှိုင်း ချိတ်ဆက်နိုင်ခဲ့ကြောင်း အလေးပေးပြောကြားခဲ့ပါတယ်။

၎င်းက အာဇာနည်ခေါင်းဆောင်၏ အတွေးအခေါ်တွင် “အာဇာနည်ဖြစ်လိုသော ချစ်ခြင်းမေတ္တာ” ၏ အခန်းကဏ္ဍကို ထောက်ပြရင်း၊ ဤအာဇာနည်၏ သွေးသည် အလွန်အစွမ်းထက်သည့်အတွက် အစွန်းရောက်အုပ်စုများမှ ခွဲထွက်လာသူအချို့နှင့် ဒါအေရှ် (ISIS) တပ်ဖွဲ့ဝင်အချို့ပင်လျှင် ၎င်းကွယ်လွန်ပြီးနောက် အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ လမ်းစဉ်သို့ ပြောင်းလဲလာကြကြောင်း ပြောကြားခဲ့ပါတယ်။

ဒေါက်တာ အေဆာမ်မိုလ်အေမါဒ် က နိဂုံးချုပ်တွင် ယနေ့ ယီမင်ပြည်သူများနှင့် ကမ္ဘာတစ်ဝှမ်းရှိ မွတ်စလင်များ သည် တော်လှန်ရေးခေါင်းဆောင်၏ နိုင်ငံရေးအမြင်များကိုသာမက၊ မဟ်ဒီဝါဒနှင့် အေမာမ်များ၏ ဘဝ လမ်းစဉ်ကဲ့ သို့သော ကိစ္စရပ်များတွင် ၎င်း၏ အတွေးအခေါ်ဆိုင်ရာ အခြေခံမူများကို ပိုမိုနက်ရှိုင်းစွာ သိရှိလိုကြကြောင်း ပြောကြားခဲ့ပါတယ်။

အီရန်နှင့် ခိုင်မြဲသော အထောက်အထား ဝေလာယသ်သေ ဖကီးဟ် နှင့် ပဋိပက္ခ

ဘာရိန်းနိုင်ငံ၏ အစ္စလာမ့်လုပ်ဆောင်ချက် လှုပ်ရှားမှု၏ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါက်တာ ရာရှစ်ဒ် ဒိုရ်ရာရှစ်ဒ် ကလည်း တော်လှန်ရေး၏ အာဇာနည်ခေါင်းဆောင် ကွယ်လွန်ခြင်းသည် အစ္စလာမ့် လောက တစ်ခုလုံးအတွက် ပြန်လည်အစားထိုး၍မရသော ဆုံးရှုံးမှုဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

၎င်းက အာဇာနည်ခေါင်းဆောင်၏ မရ်ဂျေအီယသ် နှင့် ခေါင်းဆောင်မှုနေရာကို ရည်ညွှန်းပြီး ၎င်းသည် လက်ဘနွန်၊ အီရတ်၊ ယီမင်နှင့် ဘာရိန်းတို့အပါအဝင် ဒေသတွင်းရှိ လူငယ်များနှင့် ကြံ့ကြံ့ခံ ခုခံရေးလှုပ်ရှားမှု များ အတွက် စံနမူနာ ဖြစ်စေသူဖြစ်ကြောင်း၊ အကျပ်အတည်းကာလများတွင် ၎င်း၏ စကားနှင့် ရပ်တည်ချက်သည် ယုံကြည်သူများအတွက် အမြဲတမ်း လမ်းပြမြေပုံ ဖြစ်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

ဘာရိန်းနိုင်ငံမှ ဤနိုင်ငံရေး တက်ကြွလှုပ်ရှားသူသည် ဘာရိန်းနှင့် အီရန်တို့အကြား တည်ရှိနေသော နက်ရှိုင်းသည့် သမိုင်းကြောင်းနှင့် အထောက်အထားဆိုင်ရာ ချိတ်ဆက်မှုကို အလေးပေး ပြောကြားခဲ့ပြီး ဘာရိန်းလူဦးရေ၏ တစ်ဝက်ကျော်သည် မူလအစ အီရန်လူမျိုးများဖြစ်ကြောင်း ဤနိုင်ငံသည် ဆော်ဒီအာရေဗျနှင့် မည်သည့် အထောက်အထားဆိုင်ရာ ဆက်နွှယ်မှုမျှ မရှိကြောင်း တိတိလင်းလင်း ပြောဆိုခဲ့ပါတယ်။

၎င်းက အာလေ့ခလီဖဟ် အစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး ဘာရိန်းနိုင်ငံမှ အိုလမာ ၊ နောင်ဟာခွာန် များ မဆာအေဗ် ဖတ်သူများ နှင့် ဟောပြောသူများအပေါ် အဆိုပါအစိုးရ၏ ဖိနှိပ်မှုများသည် ပြည်သူများကြားတွင် တော်လှန်ရေးခေါင်းဆောင်၏ နိုင်ငံရေးနှင့် ဘာသာရေးဆိုင်ရာ လွှမ်းမိုးမှုကို ကြောက်ရွံ့ခြင်းမှ လာခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒေါက်တာ ရာရှစ်ဒ်ဒိုရ်ရာရှစ်ဒ် က အာလေ့ ခလီဖာအစိုးရသည် “ဝလာယသေ ဖကီးဟ်ကို နိုင်ငံရေးပြစ်မှုတစ်ခုအဖြစ် သတ်မှတ်ထားပြီး၊ ဘာသာရေးပညာရှင် ဒါဇင်ပေါင်းများစွာကို ဖမ်းဆီးခြင်းဖြင့် ပြည်သူများ ၏ အီရန်နိုင်ငံ၏ မရ်ဂျအ် အပေါ် လိုက်နာမှုကို ဖိနှိပ်ရန် ကြိုးပမ်းနေကြောင်း အလေးပေး ပြောကြား ခဲ့ပါတယ်။

ဒေါက်တာ ရာရှစ်ဒ်ဒိုရ်ရာရှစ်ဒ် ၏ အဆိုအရ အာလေ့ ခလီဖာအစိုးရသည် “ဝလာယသေ ဖကီးဟ်” သီအိုရီကို မြှင့်တင်သည်ဟု စွပ်စွဲကာ အေမာမ်ဟိုစိုင်းန်(အ.စ) ၏ ဘာသာရေးအခမ်းအနားများနှင့် အာရှူရာ စီတန်းလှည့်လည်မှုများကိုပင် ကန့်သတ်ထားကြောင်း သို့သော်လည်း ဤဖိအားများသည် ဘာရိန်းပြည်သူများ၏ အီရန်၏ မရ်ဂျအ် နှင့် ယဉ်ကျေးမှုအပေါ် ထားရှိသည့် စိတ်ရင်းမှန်နှင့် ယုံကြည်ချက်ကို ဖြိုခွဲနိုင်ခြင်းမရှိခဲ့ကြောင်း၊ ဤအတွေးအခေါ်အမွေအနှစ်သည် ၎င်းတို့၏ လမ်းပြမြေပုံအဖြစ် ဆက်လက်တည်ရှိနေလိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

“နိုင်ငံ့ခေါင်းဆောင်၏ မဟာဗျူဟာနှင့် ယဉ်ကျေးမှုအမွေအနှစ်” အစည်းအဝေးမှ အစီရင်ခံစာ၊

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha