၁ ဇူလိုင် ၂၀၂၆ - ၁၃:၂၃
အမေရိကန်က အီရန်နှင့် စစ်ပွဲအတွက် ဒေါ်လာ ဘီလီယံ ၃၀ သုံးစွဲခဲ့ကြောင်း အိမ်ဖြူတော် ပြောကြား

အိမ်ဖြူတော်၏ စီမံခန့်ခွဲရေးနှင့် ဘတ်ဂျက်ရုံး (Office of Management and Budget) ၏ ဒါရိုက်တာက အမေရိကန်သည် အီရန်ကို ဆန့်ကျင်သည့် တိုက်ခိုက်ရေးနှင့် တရားမဝင်စစ်ဆင်ရေးအတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ ဘီလီယံ ၃၀ သုံးစွဲခဲ့ကြောင်း အခိုင်အမာ ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

TASS သတင်းအေဂျင်စီကို ကိုးကား၍ IRNA ၏ ဖော်ပြချက်အရ ရက်ဆဲလ် ဗော့တ် (Russell Vought) သည် အင်္ဂါနေ့က အောက်လွှတ်တော် ဘဏ္ဍာငွေခွဲဝေချထားရေး ကော်မတီနှင့် ပြုလုပ်သည့် အစည်းအဝေးတွင် “ကျွန်တော်တို့ ဒေါ်လာ ဘီလီယံ ၃၀ ခန့် သုံးစွဲခဲ့ပါတယ်” ဟု ပြောကြားခဲ့ပါတယ်။

ယင်းစစ်ရေး (တိုက်ခိုက်မှု) ၏ ကုန်ကျစရိတ်သည် ဒေါ်လာ ဘီလီယံ ၁၀၀ ကျော်ရှိမရှိ မေးမြန်းမှုကို ဖြေကြားရာတွင် ၎င်းက “စစ်ဌာနကနေ ကျွန်တော်ကြားခဲ့ရတာနဲ့ သူတို့က ကျွန်တော်တို့ကို ပေးထားတဲ့ သုံးသပ်ချက်ကိုပဲ ပြောနိုင်ပါတယ်” ဟု ဆိုခဲ့ပါတယ်။

IRNA ၏ အဆိုအရ Moody's Analytics အကြွေးအဆင့်သတ်မှတ်ရေးနှင့် ငွေကြေး၊ စီးပွားရေးဝန်ဆောင်မှု ကုမ္ပဏီ၏ Chief Economist က ဒေါ်နယ်ထရမ့် အစိုးရ၏ အီရန်ကို ဆန့်ကျင်သည့် စစ်ရေးတိုက်ခိုက်မှုကြောင့် အမေရိကန် အိမ်ထောင်စုတိုင်းသည် ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၁,၀၀၀ ခန့် ဆုံးရှုံးနစ်နာခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

CBS News ၏ အစီရင်ခံစာတစ်ရပ်တွင် အဆိုပါအဖွဲ့အစည်း၏ စီးပွားရေးပညာရှင် မတ် ဇန်ဒီ (Mark Zandi) ၏ ခန့်မှန်းချက်အရ လောင်စာဆီ၊ အစားအစာနှင့် အခြားကုန်ကျစရိတ်များ မြင့်တက်လာမှုကြောင့် ဖေဖော်ဝါရီလ တွင် စတင်ခဲ့သည့် အမေရိကန်၏ စစ်ပွဲအတွင်း အမေရိကန်တစ်ဦးစီသည် ခန့်မှန်းခြေ ဒေါ်လာ ၁,၀၀၀ ခန့် ဆုံးရှုံးခဲ့ရကြောင်း ဖော်ပြထားသည်။

ဧပြီလတွင် CBS News သို့ ပြောကြားခဲ့သည့် အမေရိကန်အရာရှိများ၏ သီးခြားခန့်မှန်းချက်အရ ယင်းပဋိပက္ခ၏ စုစုပေါင်းကုန်ကျစရိတ်မှာ ဒေါ်လာ ဘီလီယံ ၅၀ ရှိခဲ့ပါတယ်။ ပင်တဂွန်မှ တာဝန်ရှိသူတစ်ဦးကလည်း ဧပြီလတွင် Operation Epic Fury ၏ ကုန်ကျစရိတ်မှာ ခန့်မှန်းအားဖြင့် ဒေါ်လာ ဘီလီယံ ၂၅ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ယင်းပမာဏတွင် အမေရိကန်၏ တစ်စိတ်တစ်ပိုင်း သို့မဟုတ် လုံးဝ ပျက်စီးသွားခဲ့သည့် လက်နက်များနှင့် စစ်ရေးအဆောက်အအုံများ၏ ဆုံးရှုံးမှုခန့်မှန်းချက် မပါဝင်သေးကြောင်း သိရပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha