အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Sahar News နှင့် ပါကစ္စတန်မီဒီယာများ၏ ဖော်ပြချက်အရ ကယ်ဆယ်ရေးအာဏာပိုင်များက အပျက်အစီးများ အောက်တွင် နောက်ထပ် ကလေးများ ပိတ်မိနေဆဲဖြစ်ကြောင်း သတင်းရရှိထားပြီး ၎င်းတို့ကို ကယ်ထုတ်ရန် ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေကြောင်း ပြောကြားခဲ့ပါတယ်။
အပျက်အစီးများအောက်တွင် စုစုပေါင်း ကလေး ၃၃ ဦး ပိတ်မိခဲ့ပြီး ဒဏ်ရာရရှိသည့် ကလေးများကို ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရပါတယ်။
ပန်ဂျပ်ပြည်နယ် ကျန်းမာရေးဝန်ကြီး ခွာဂျာ အီမရန် နာဇီရ် က ကျူရှင်စင်တာ၏ အမိုးပြိုကျမှုကြောင့် ကလေး ၁၄ ဦး သေဆုံးခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။ ၎င်းက ကလေး ၁၉ ဦးကို ကာဟ်နာဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ယင်းတို့ အနက် ဒဏ်ရာရရှိထားသည့် ကလေး ၅ ဦးမှာ ဆေးရုံတွင် ဆက်လက်ကုသမှုခံယူနေကြောင်း ပြောကြား ခဲ့ပါတယ်။
ပါကစ္စတန်ဝန်ကြီးချုပ် ရှာဗါဇ်ရှရစ်ဖ် နှင့် ပန်ဂျပ်ပြည်နယ် ဝန်ကြီးချုပ် မယ်ရ်ရမ်းမ် နဝပ်ဇ် တို့က အဆိုပါ ဖြစ်ရပ်အပေါ် ဝမ်းနည်းကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment