၆ ဇူလိုင် ၂၀၂၆ - ၁၃:၄၅
ကျိုက္ကစံ သင်္ချိုင်း စွန္ဒီဂျာမေဗလီ၏ (၁၅) ကြိမ်မြောက် ဂေါပကရွေးချယ်ပွဲ ကျင်းပ + ဓာတ်ပုံများ

သင်္ဃန်းကျွန်းမြို့နယ် ပြည်သာယာလမ်းရှိ ကျိုက္ကစံ သင်္ချိုင်း စွန္ဒီဂျာမေဗလီ၌ (၁၅) ကြိမ်မြောက် ဂေါပကရွေးချယ်တင်မြောက်ပွဲကို ၂၀၂၆ ခုနှစ် ဇူလိုင်လ ၅ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် ကျင်းပခဲ့ရာ ဂေါပကလောင်း ၁၄ ဦးအနက် ၁၁ ဦးကို ဆန္ဒမဲပေးရွေးချယ်ခဲ့ပြီး ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို) မှ ဒုတိယဥက္ကဋ္ဌ ဦးဗိုလ်ဗိုလ်မောင် (အစ္စလာမ်ဘာသာ) က ဗလီအတွက် အလှူငွေ ကျပ် ၁၀ သိန်း လှူဒါန်းခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် ၊ ပြည်သာယာလမ်းရှိ ကျိုက္ကစံ သင်္ချိုင်း စွန္ဒီဂျာမေဗလီ၏ (၁၅) ကြိမ်မြောက် ဂေါပကရွေးချယ်တင်မြောက်ပွဲကို ၂၀၂၆ ခုနှစ် ဇူလိုင်လ ၅ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် ကျင်းပခဲ့ရာ ဂေါပကလောင်း ၁၄ ဦးအနက် ၁၁ ဦးကို ဤဗလီ ဝတ်ကျောင်းတော်၌ ဝတ်ပြုကိုးကွယ်သူ ၁၉၄ ဦး၏ ဆန္ဒမဲဖြင့် ဒီမိုကရေစီနည်းလမ်းတကျ ရွေးချယ်တင်မြောက်ခဲ့ပြီး ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို) မှ ဒုတိယဥက္ကဋ္ဌ ဦးဗိုလ်ဗိုလ်မောင် (အစ္စလာမ်ဘာသာ) က ဗလီအတွက် အလှူငွေ ကျပ် ၁၀ သိန်း လှူဒါန်းခဲ့ ပါတယ်။

အခမ်းအနားသို့ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို) ဒုတိယဥက္ကဋ္ဌ ဦးဗိုလ်ဗိုလ်မောင် (အစ္စလာမ် ဘာသာ)၊ ခရိုင်ဥက္ကဋ္ဌ ဦးကျော်စည်သူ၊ ဒုတိယဥက္ကဋ္ဌများဖြစ်သည့် ဦးစံရှိန် (ဗုဒ္ဓဘာသာ)၊ ဦးသိန်းဝင်း (အစ္စလာမ် ဘာသာ)၊ မြို့နယ်အလုပ်အမှုဆောင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါတယ်။

အခမ်းအနားကို မော်လနာ ကာရီ အလီဟိုစိုင်းန် က ကျမ်းတော်မြတ် ကုရ်အာန်မှ အာယသ်တော်များ ရွတ်ဖတ်ဖွင့်လှစ်ခဲ့ပြီး ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးခင်မောင်အေးက အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။ ထို့နောက် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို) ဒုတိယဥက္ကဋ္ဌ ဦးဗိုလ်ဗိုလ်မောင်နှင့် ခရိုင်ဥက္ကဋ္ဌ ဦးကျော်စည်သူတို့က အမှာစကားများ အသီးသီး ပြောကြားခဲ့ပါတယ်။

ဆက်လက်၍ ဆန္ဒမဲပေးခွင့်ရှိသည့် ဤဗလီဝတ်ကျောင်းတော် ၌ ဝတ်ပြုကိုးကွယ်သူ ၁၉၄ ဦးက ဂေါပကလောင်း ၁၄ ဦးအနက် ၁၁ ဦးကို စနစ်တကျ ဆန္ဒမဲပေး ရွေးချယ်တင်မြောက်ခဲ့ကြပြီး အခမ်းအနားအပြီးတွင် ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေးအဖွဲ့ (ဗဟို) ဒုတိယဥက္ကဋ္ဌ ဦးဗိုလ်ဗိုလ်မောင်က ဗလီအတွက် အလှူငွေ ကျပ် ၁၀ သိန်း ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရပါတယ်။

ကျိုက္ကစံ သင်္ချိုင်း စွန္ဒီဂျာမေဗလီ၏ (၁၅) ကြိမ်မြောက် ဂေါပကရွေးချယ်ပွဲ ကျင်းပ + ဓာတ်ပုံများကျိုက္ကစံ သင်္ချိုင်း စွန္ဒီဂျာမေဗလီ၏ (၁၅) ကြိမ်မြောက် ဂေါပကရွေးချယ်ပွဲ ကျင်းပ + ဓာတ်ပုံများကျိုက္ကစံ သင်္ချိုင်း စွန္ဒီဂျာမေဗလီ၏ (၁၅) ကြိမ်မြောက် ဂေါပကရွေးချယ်ပွဲ ကျင်းပ + ဓာတ်ပုံများကျိုက္ကစံ သင်္ချိုင်း စွန္ဒီဂျာမေဗလီ၏ (၁၅) ကြိမ်မြောက် ဂေါပကရွေးချယ်ပွဲ ကျင်းပ + ဓာတ်ပုံများကျိုက္ကစံ သင်္ချိုင်း စွန္ဒီဂျာမေဗလီ၏ (၁၅) ကြိမ်မြောက် ဂေါပကရွေးချယ်ပွဲ ကျင်းပ + ဓာတ်ပုံများကျိုက္ကစံ သင်္ချိုင်း စွန္ဒီဂျာမေဗလီ၏ (၁၅) ကြိမ်မြောက် ဂေါပကရွေးချယ်ပွဲ ကျင်းပ + ဓာတ်ပုံများကျိုက္ကစံ သင်္ချိုင်း စွန္ဒီဂျာမေဗလီ၏ (၁၅) ကြိမ်မြောက် ဂေါပကရွေးချယ်ပွဲ ကျင်းပ + ဓာတ်ပုံများကျိုက္ကစံ သင်္ချိုင်း စွန္ဒီဂျာမေဗလီ၏ (၁၅) ကြိမ်မြောက် ဂေါပကရွေးချယ်ပွဲ ကျင်းပ + ဓာတ်ပုံများကျိုက္ကစံ သင်္ချိုင်း စွန္ဒီဂျာမေဗလီ၏ (၁၅) ကြိမ်မြောက် ဂေါပကရွေးချယ်ပွဲ ကျင်းပ + ဓာတ်ပုံများကျိုက္ကစံ သင်္ချိုင်း စွန္ဒီဂျာမေဗလီ၏ (၁၅) ကြိမ်မြောက် ဂေါပကရွေးချယ်ပွဲ ကျင်းပ + ဓာတ်ပုံများ

(ဓာတ်ပုံ - Myanmar Interfaith Dialogue Organization )

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha