၆ ဇူလိုင် ၂၀၂၆ - ၁၇:၁၇
အေမာမ် ရှဟီးဒ် နှင့် မိသားစု၏ ရှပ်ကလာပ်တော် များသည် ဖဂျရ်နမာဇ်မတိုင်မီ ဂျန်မ်ရန် ဗလီဝတ် ကျောင်း တော် သို့ ရောက်ရှိမည်

အီရန်အမျိုးသား ဝမ်းနည်းပူဆွေးပွဲနှင့် သွားရောက်ဂုဏ်ပြု သင်္ဂြိုဟ်ရေးကော်မတီ၏ ဒေသဆိုင်ရာတာဝန်ခံက ခေါင်းဆောင်ရှဟီးဒ် (အာဇာနည်) နှင့် ၎င်း၏ မိသားစုရုပ်ကလာပ် တော်များသည် အင်္ဂါနေ့ မနက် ဖဂျရ် နမာဇ် မတိုင်မီ ဂျန်မ်ကရာန်ဗလီတော် သို့ ရောက်ရှိမည်ဟု ပြောကြားခဲ့ပါတယ်။ နမာဇ်ကိုလည်း မရ်ဂျအ် သက္က်လီးဒ် တစ်ပါးပါး မှ ရှေ့ဆောင် ဝတ်ပြုပေးမည်ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အမျိုးသား ဝမ်းနည်းပူဆွေးပွဲ နှင့် သွားရောက်ဂုဏ်ပြု သင်္ဂြိုဟ်ရေးစီမံကိန်း၏ ဒေသ ဆိုင်ရာညှိနှိုင်း ရေးမှူး အဖြစ် ပြောကြားရာတွင် ပူရ် ဂျန်မ်ရှေရှီဒီယန် က ခေါင်းဆောင်ကြီး ရှဟီးဒ် နှင့် ၎င်း၏ မိသားစု ရုပ်ကလာပ် တော်များကို အင်္ဂါနေ့ မနက်ဖဂျရ်နမာဇ်မတိုင်မီ ဂျန်မ်ကရာန်ဗလီဝတ်ကျောင်းတော်သို့ ရောက်ရှိ မည်ဖြစ်ကြောင်း သိရှိ ရပါ တယ်။

ထို့အပြင် ထိုနမာဇ်ကို မရ်ဂျအ် သက္က်လီးဒ် တစ်ပါးပါး မှ ရှေ့ဆောင် ဝတ်ပြုပေးမည်ဖြစ် ကြောင်း  ထည့်သွင်း ပြောကြား ခဲ့ပါတယ်။

ထို့နောက် ကွမ်းမြို့အတွင်း စျာပန လမ်းကြောင်းသည် ဂျန်မ်ကရာန်ဗလီမှ စတင်၍ ဟဇရသ် ဖွာတွေမဟ် မအ်စူမဟ် (စ.အ)  ၏ ရောင်ဇာတော် သို့ ပရောဖက် မိုဟမ္မဒ် (ဆွ) လမ်းမကြီး အတိုင်း ပို့ဆောင် သွားကြမည် ဖြစ်ပါ တယ်။

မရ်ဂျအ် သက္က်လီးဒ် တစ်ပါးပါး မှာ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဂျဝါဒ်ဒီ အာမိုလီ သို့မဟုတ် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ နာစေရ် မကာရေမို ရှီးရာဇီး ဖြစ်နိုင်ကြောင်း သိရှိရပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha