၉ ဇူလိုင် ၂၀၂၆ - ၁၅:၅၂
အမေရိကန် စစ်စခန်းများ အပေါ် ဒရုန်းတိုက်ခိုက်မှုများအီရန် ပြုလုပ်

အီရန်အစ္စလာမ်မစ်ပြည်သူ့ သမ္မတနိုင်ငံတပ်မတော်သည် ဘာရိန်း၊ ကာတာနှင့် ကူဝိတ်ရှိ အမေရိကန် စစ်စခန်းများကို ဒရုန်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး အမေရိကန်၏ နောက်ဆုံးကျူးကျော်မှုကို တုံ့ပြန်ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

IRNA သတင်းဌာန၏အစီရင်ခံစာအရ အီရန်နိုင်ငံ၏ အချို့ဒေသများတွင် အမေရိကန်၏ အကြမ်းဖက် တိုက်ခိုက်မှု များကို တုံ့ပြန်သည့်အနေဖြင့် တပ်မတော်သည် မကြာသေးမီက ဒေသတွင်းနိုင်ငံ အသီးသီး ရှိ ၎င်း၏ စစ်စခန်းများကို ဒရုန်းတိုက်ခိုက်မှုများ အောင်မြင်စွာ ပြုလုပ်ခဲ့ပါတယ်။

ဤဒရုန်းစစ်ဆင်ရေးတွင် အီရန်တပ်မတော်သည် ကူဝိတ်ရှိ အမေရိကန်စစ်စခန်း၏ Patriot စနစ်၊ ကာတာရှိ အမေရိကန်စစ်စခန်း၏ ဂြိုဟ်တုရေဒါစနစ်နှင့် ဘာရိန်းရှိ အမေရိကန်စစ်စခန်း၏ လောင်စာဆီဂိုဒေါင်တို့ကို ပစ်မှတ်ထားခဲ့ခြင်းဖြစ်ပါတယ်။

အစ္စလာမ်မစ်တော်လှန်ရေး၏ ခေါင်းဆောင်ဖြစ်သူ အထွတ်အထိပ်စစ်ဦးစီးချုပ်၏ အမိန့်အောက်တွင် အီရန် လက်နက်ကိုင်တပ်ဖွဲ့များသည် ကျူးကျော်မှုတိုင်းကို အပြည့်အဝတန်ပြန်မည်ဖြစ်ပြီး မိုက်မဲသော အမေရိကန် သမ္မတ၏ ဆန္ဒများကို ဖြည့်ဆည်းပေးမည်မဟုတ်ကြောင်း အီရန်တပ်မတော်က သတိပေးခဲ့ပါတယ်။

အီရန်အစ္စလာမ်မစ်ပြည်သူ့ သမ္မတနိုင်ငံတပ်မတော်သည် နိုင်ငံနှင့် အစ္စလာမ်မစ်တော်လှန်ရေး၏ မြင့်မားသော  တန်ဖိုးများကို အောင်ပွဲခံသည်အထိ ကာကွယ်သွားမည်ဟု ကြေညာခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha