၉ ဇူလိုင် ၂၀၂၆ - ၂၃:၄၄
အာဇာနည်ခေါင်းဆောင်ကြီး ၏ ရုပ်ကလာပ်တော်အား ၎င်း၏ သားအကြီးမှ ဂျနာဇဟ်နမာဇ် ဦးဆောင် ဝတ်ပြု ပေး

အစ္စလာမ်မစ်တော်လှန်ရေးခေါင်းဆောင်ကြီး အာဇာနည်၏ သားအကြီးဖြစ်သူ အာယာသွလ္လာဟ် ဆယက်ဒ် မွတ်စ်သဖွာ ခါမေနာအီ မှ မိမိ ဖခင် ၏ ဂျနာဇဟ်နမာဇ်ကို ဦးဆောင်ဝတ်ပြုပေးခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Farsnews ၏ အစီရင်ခံစာအရ ယနေ့ နံနက်အစောပိုင်းအချိန်မှစတင်၍ မရှ်ဟဒ်မြို့နှင့် နိုင်ငံအနှံ့အပြားမှ ပြည်သူများသည် အီရန်၏ အာဇာနည်ကြီး အား ပို့ဆောင်မည့် အခမ်းအနားကျင်းပရာနေရာသို့ ဦးတည်သည့် လမ်းကြောင်းများတွင် စုဝေးရောက်ရှိလာကြပြီး အခမ်းအနား စတင်မည့်အချိန်ကို စောင့်မျှော်ခဲ့ကြပါတယ်။

အစီအစဉ်အရ ယနေ့နံနက်ပိုင်းတွင် ဈာပနပို့ဆောင်ခြင်း အခမ်းအနားကို ကျင်းပရန် စီစဉ်ထားခဲ့သော်လည်း အီရတ်ပြည်သူများက အာဇာနည်ခေါင်းဆောင်၏ ရုပ်ကလာပ်တော်အား အလွန်အမင်း ကြိုဆို နှုတ်ဆက်ခဲ့ ကြသဖြင့် မရှ်ဟဒ်မြို့တွင် ကျင်းပမည့် အခမ်းအနားကို မွန်းလွဲ ၂ နာရီသို့ ရွှေ့ဆိုင်းခဲ့ရပါတယ်။

အခမ်းအနားကျင်းပမည့် အချိန် ပြောင်းလဲသွားခဲ့သော်လည်း နံနက်အစောပိုင်းမှစ၍ အေမာမ် ရေဇာ (အ.စ) ၏ မြင့်မြတ်သော ရွှေရောင်ရောင်ဇာတော် သို့ ဦးတည်သည့် လမ်းများနှင့် အနီးပတ်ဝန်းကျင်တို့တွင် လူအုပ်ကြီးဖြင့် ပြည့်နှက်နေပြီး တက်ရောက်လာသူများသည် ဈာပနအခမ်းအနား စတင်မည့်အချိန်ကို စောင့်ဆိုင်း ခဲ့ကြပါတယ်။

မရှ်ဟဒ်မြို့တွင် ကျင်းပမည့် အာဇာနည်ခေါင်းဆောင်၏ ဈာပနအခမ်းအနား စတင်ရန် နှစ်နာရီမပြည့်မီတွင် ဝမ်းနည်းပူဆွေးသူများသည် လမ်းမပေါ်တွင် ဇိုဟ် နှင့်အဆ်ရ် နမာဇ်ကို စုပေါင်းဝတ်ပြုခဲ့ကြပါတယ်။ ထို့ပြင် သွေးကြွေးတောင်းဆိုခြင်း၏ သင်္ကေတအဖြစ် "ယာလစာရာသေလ်ဟိုစိုင်းန်”  နှင့် "ယာလစာရာသေလ်ခါမေနာအီ ဟူသော အနီရောင်အလံများကို လွှင့်တင်ခဲ့ကြပါတယ်။

ဈာပနပို့ဆောင်ခြင်း အခမ်းအနားကို မရှ်ဟဒ်မြို့ အေမာမ်ရေဇာ(အ.စ)လမ်းမကြီး တွင် ကျင်းပမည်ဖြစ်ပြီး ခိုရာဆန် ရဇဝီပြည်နယ် အုပ်ချုပ်ရေးမှူး၏ ပြောကြားချက်အရ လိုက်ပို့သူ ဧည့်သည်များကို ဝန်ဆောင်မှုပေးရန် ဧည့်ခံယာယီ တဲ ၃,၀၀၀ ခုနှင့် ဆေးဘက်ဆိုင်ရာ အဖွဲ့ ၇၅၀ ဖွဲ့ကို စီစဉ်ထားကြောင်း သိရပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha