၁၀ ဇူလိုင် ၂၀၂၆ - ၂၃:၅၆
တောင်လက်ဘနွန်တွင် ဇီယွန်ဝါဒီအစိုးရ၏ တိုက်ခိုက်မှုကြောင့် တစ်ဦးသေဆုံး ၊ တစ်ဦးဒဏ်ရာရ

ဇီယွန်ဝါဒီအစိုးရက တောင်လက်ဘနွန်တွင် ရန်လိုကျူးကျော်မှုများနှင့် အပစ်အခတ်ရပ်စဲရေး သဘော တူညီချက် ကို ဆက်လက်ချိုးဖောက်နေသည့်အခြေအနေတွင် ကဖ်ရ်ရ်မန် မြို့ရှိ ကားတစ်စီးကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ လူနှစ်ဦးအနက် တစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

IRIBသတင်းအေဂျင်စီ၏ အဆိုအရ ဆေးဘက်ဆိုင်ရာ သတင်းရင်းမြစ်များက ဇီယွန်ဝါဒီအစိုးရ၏ ဒရုန်း တိုက်ခိုက်မှု ကြောင့် တောင်လက်ဘနွန်ရှိ ကဖ်ရ်ရ်မန်မြို့တွင် ကားတစ်စီး ပစ်မှတ်ထားခံခဲ့ရပြီး လူတစ်ဦး သေဆုံး ကာ အခြားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

Al Mayadeen သတင်းဌာန၏ သတင်းထောက်ကလည်း ယနေ့ (သောကြာနေ့) တွင် ဇီယွန်ဝါဒီအစိုးရက တောင်လက်ဘနွန်ရှိ အန်နဘတီယာ အယ်လ်ဖောကာ မြို့ကို လေကြောင်း တိုက်ခိုက်ခဲ့ ကြောင်း သတင်း ပေးပို့ခဲ့ ပါတယ်။

ထို့အပြင် မီဒီယာများ၏ ဖော်ပြချက်အရ အစ္စရေးသိမ်းပိုက်တပ်ဖွဲ့သည် တောင်လက်ဘနွန်ရှိ အယ်လ်ကန်တာရာ ဒေသတွင် နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရ  ပါတယ်။

Al-Manar ရုပ်သံဌာနကလည်း အစ္စရေးစစ်တပ်၏ ဒရုန်းတစ်စင်းသည် အန်နဘတီယာ အယ်လ်ဖောက်ာ နှင့် ကဖ်ရ်တဘ်နိတ် (Kafr Tebnit) ကြားရှိ ဒေသကို တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။

ယင်းဖြစ်ရပ်များသည် အစ္စရေးစစ်တပ်က လက်ဘနွန်နှင့် ဂါဇာဒေသများတွင် အပစ်အခတ်ရပ်စဲရေး သဘော တူညီချက်ကို ထပ်မံချိုးဖောက်ခဲ့ကြောင်း ဝန်ခံခဲ့ပြီး၊ လွန်ခဲ့သည့် တစ်ပတ်အတွင်း တောင်လက်ဘနွန်ရှိ “ခြိမ်းခြောက် မှုများ” ကို ဖယ်ရှားရန် ရည်ရွယ်၍ လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၀ ပြုလုပ်ခဲ့ကြောင်း ကြေညာခဲ့သည့် အချိန်တွင် ဖြစ်ပွားလာခြင်းဖြစ်ပါတယ်။

လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် မတ်လ ၂ ရက်နေ့မှစ၍ သိမ်းပိုက်အစိုးရ၏ တိုက်ခိုက်မှုများကြောင့် သေဆုံးသူ စုစုပေါင်း ၄,၃၂၁ ဦး နှင့် ဒဏ်ရာရသူ ၁၂,၂၀၇ ဦး ရှိလာပြီဖြစ်ကြောင်း သိရပါတယ်။

အစ္စရေးအစိုးရသည် မတ်လ ၂ ရက်နေ့ (အီရန်ပြက္ခဒိန်အရ ၁၄၀၄ ခုနှစ် အက်စ်ဖန်ဒ်လ ၁၁ ရက်) မှစတင်၍ လက်ဘနွန်နိုင်ငံအပေါ် အကြီးစားတိုက်ခိုက်မှုကို စတင်ခဲ့ပြီး ယင်းတိုက်ခိုက်မှုများကြောင့် လက်ဘနွန်ပြည်သူ အများ အပြား သေဆုံးဒဏ်ရာရရှိခဲ့သည့်အပြင် လူပေါင်း တစ်သန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။

ဇီယွန်ဝါဒီအစိုးရသည် တောင်လက်ဘနွန်ရှိ ဒေသအချို့ကို သိမ်းပိုက်ထားပြီး၊ ထိုဒေသအချို့မှာ ဆယ်စုနှစ်များစွာကတည်းက သိမ်းပိုက်ခံထားရသည့် နေရာများဖြစ်သလို၊ အချို့မှာ ၂၀၁၃ မှ ၂၀၁၄ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော ယခင်စစ်ပွဲကာလမှစ၍ အစ္စရေးတပ်ဖွဲ့များ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေခဲ့သည့် ဒေသများဖြစ်ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha