၁၃ ဇူလိုင် ၂၀၂၆ - ၁၂:၂၁
မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ အထွေထွေ အတွင်းရေးမှူးချုပ် အာယာသွလ္လာဟ် ရေဇာ ရမ်ဒွါန်နီကြေညာချက်

« မွတ်စလင်တို့၏ ကြီးမြတ်သော ခေါင်းဆောင်ကြီး၏ ရှဟာဒသ် သည် အီရန်ပြည်သူများနှင့် အစ္စလာမ်အွန်မသ် ၏ နိုးကြားထမြောက်မှု (ဗေအ်စသ်သေအွန်မသ်) ၏ အစဖြစ်ခဲ့ပါတယ်။ လွတ်လပ်မှုကို မြတ်နိုးသည့် လူသန်း ပေါင်းများစွာ၏ သမိုင်းဝင် နှုတ်ဆက်ပို့ဆောင်မှုသည် အွန်မသ် ၏ အင်အားနှင့် အာဏာရှင် နိုင်ငံများကို ဆန့်ကျင် တိုက်ပွဲ ဝင်ရန် သန္နိဋ္ဌာန်ကို ဖော်ပြနေပါတယ်။ »

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ အထွေထွေ အတွင်းရေးမှူးချုပ် အာယာသွလ္လာဟ် ရေဇာရမ်ဒွါန်နီ အစ္စလာမ်တော်လှန်ရေး၏ ရှဟီးဒ်ခေါင်းဆောင်၏ ရှဟာဒတ် နှင့် ဒဖ်နာခြင်း အခမ်းအနား အထိမ်းအမှတ်အဖြစ် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး၊ ယင်းအဖြစ်အပျက်ကို အစ္စလာမ်၊ အီရန် ပြည်သူများ နှင့် အစ္စလာမ်အွန်မသ်အတွက် အစားထိုးမရနိုင်သော ကြီးမားသည့် ဆုံးရှုံးမှုတစ်ရပ်အဖြစ် သတ်မှတ်ခဲ့ပါတယ်။ ထို့အပြင် နိုင်ငံနှစ်နိုင်ငံရှိ မြို့ကြီးငါးမြို့တွင် လွတ်လပ်မှုကို မြတ်နိုးသည့် လူသန်း ပေါင်းများ စွာ၏ သမိုင်းဝင် နှုတ်ဆက်ပို့ဆောင်မှုကို  « အွန်မသ် ၏ နိုးကြားထမြောက်မှု  »  နှင့် အာဏာရှင် ကြီးနိုင်ငံများနှင့် ဇီယွန်ဝါဒီအစိုးရကို ဆန့်ကျင်သည့် တိုက်ပွဲအား ဆက်လက် ဆင်နွှဲမည့် မွတ်စလင်တို့၏ ခိုင်မာသော သန္နိဋ္ဌာန်၏ သင်္ကေတအဖြစ် ဖော်ပြခဲ့ပါတယ်။

အာယာသွလ္လာဟ် ရေဇာရမ်ဒွါန်နီ သည် အစ္စလာမ်တော်လှန်ရေး၏ ရှဟီးဒ်ခေါင်းဆောင်၏ သန့်ရှင်းမြင့်မြတ်သော ရုပ်ကလာပ်တော် ကို ဒဖ်နာ သည့် အခမ်းအနား အထိမ်းအမှတ် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး အစ္စလာမ်အွန်မသ် ထံသို့ မိမိ၏ ဝမ်းနည်းကြောင်းနှင့် ထပ်တူထပ်မျှ စိတ်မကောင်းဖြစ်ကြောင်းကို ဖော်ပြခဲ့ ပါ တယ်။

ကြေညာချက် အပြည့်အစုံ

ဗစ်မေလ္လာဟ်ဟေရ်ရဟ်မန်နေရ်ရဟီးမ်

﴿وَالَّذِینَ آمَنُوا بِاللَّهِ وَرُسُلِهِ أُولَٰئِکَ هُمُ الصِّدِّیقُونَ وَالشُّهَدَاءُ عِنْدَ رَبِّهِمْ لَهُمْ أَجْرُهُمْ وَنُورُهُمْ ۖ وَالَّذِینَ کَفَرُوا وَکَذَّبُوا بِآیَاتِنَا أُولَٰئِکَ أَصْحَابُ الْجَحِیمِ﴾ (النساء، ۷۴)

အလ္လာဟ်၏ ဖြောင့်မတ်သော ကျွန်တော်၊ အလ္လာဟ်၏ ရစူလ်တော် (ဆွ) ၊ အလီ (အ.စ) ၊ ဖွာတွေမဟ် (စ.အ) ၊ ဟိုစိုင်းန် (အ.စ) တို့၏ သားမြေးတော် ၊ အလ္လာဟ်ဟို အရှင်မြတ် ကို ကြောက်ရွံ့သော အာလင်မ် နှင့် ဖကီးဟ်၊ အဲဟ်လေ့ဘိုက်(သ)(အ.စ)  ကို လိုက်နာသူများ၏ မရ်ဂျအ် ၊ ပြုပြင်ပြောင်းလဲရေး အတွေးအခေါ်ရှင် ၊ အစ္စလာမ် အွန်မသ် ၏ ခေါင်းဆောင် ၊ ကမ္ဘာ့လွတ်လပ်သူများ၏ ဦးဆောင်သူ ၊ ဝလီယေ ဖကီးဟ် နှင့် တရားမျှတသော အုပ်ချုပ်သူ၊ မပင်ပန်းမနားသော မိုဂျာဟစ်ဒ် ၊ ရန်သူကို သိမြင်နိုင်သူ၊ ဖိနှိပ်ခံပြည်သူများ ၊ ဒေသတွင်း လူမျိုးများ၊ အာဏာရှင် နိုင်ငံကြီး များကို ဆန့်ကျင်သည့် ခုခံတော်လှန်ရေးနှင့် ပါလက်စတိုင်းပြည်သူများကို ကာကွယ် စောင့်ရှောက်သူ ၊ အေမာမ် မဲဟ်ဒီ (အ.ဂျ) ကို စောင့်မျှော်ခြင်း၏ အလံတော်ကို သယ်ဆောင်သူ၊ ရှဟီးဒ် အေမာမ် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ  ၏ ရှဟာဒသ် သည် အစ္စလာမ်၊ အီရန် ပြည်သူများ ၊ အစ္စလာမ်အွန်မသ် နှင့် ကမ္ဘာကြီးအတွက် အလွန်ဝမ်းနည်းဖွယ်ကောင်းသည့်၊ အစားထိုးမရနိုင်သော ဆုံးရှုံးမှုကြီးတစ်ရပ် ဖြစ်ပါသည်။

အီရန် နှင့် အီရတ်ပြည်သူများ၊ အစ္စလာမ်အွန်မသ် တစ်ရပ်လုံး၏ သမိုင်းဝင် နှုတ်ဆက်ပို့ဆောင်မှုသည် တီဟီရန်မြို့ရှိ ကြီးမားသော မိုဆွလာ မှ စတင်ကာ၊ ကွမ်းမြို့၊ ဟဇရသ် ဖွာတွေမဟ် မအ်စူမဟ်(စ.အ) ၏ သန့်ရှင်း မြတ်နိုးရာ ဂူဗိမာန်တော် နှင့် ဂျန်မ်ကရာန် ဗလီဝတ်ကျောင်း တော်၊ ထို့နောက် နဂျဖ်အရှ်ရဖ် နှင့် ကရ်ဗလာရှိ ရှဟီးဒ် ခေါင်းဆောင်ကြီး ၏ ဘိုးဘေးများဖြစ်သည့် အေမာမ်အလီ (အ.စ) ၊ အေမာမ် ဟိုစိုင်းန် (အ.စ) နှင့် ဟဇရသ် အဘာစ် (အ.စ) တို့၏ သန့်ရှင်းမြတ်နိုးရာ ဂူဗိမာန်တော် များ၊ အီရတ်ပြည်သူများ၏ ပခုံးထက် ၊ နောက်ဆုံးတွင် မရှ်ဟဒ်မြို့၌ မိမိ၏ စစ်ဦးစီးချုပ်၏ ဘေးတွင် တပ်သားတစ်ဦးကဲ့သို့ မြေမြှုပ်သင်္ဂြိုဟ်ခံခဲ့ရပါသည်။  ရှဟီးဒ် ခေါင်းဆောင်ကြီးသည်  အသိပညာ၊ နိုင်ငံရေး နှင့် လက်တွေ့နယ်ပယ်များတွင် ဂျေဟာဒ် ပြုလုပ်ခဲ့သည့် တစ်သက် တာတာဝန်များ၊ အစ္စလာမ်ကမ္ဘာ၏ နိုးကြားရေး၊ လူ့အဖွဲ့အစည်းအား လမ်းညွှန်ပေးခြင်း၊ နဗီတမန်တော် များ(အ.စ) ကဲ့သို့ သင်ကြားပြုစုပျိုးထောင်ခြင်း၊ အစ္စလာမ်လူ့အဖွဲ့အစည်း၏ နားလည်မှုကို နက်ရှိုင်း စေခြင်း၊ ခေတ်သစ် အစ္စလာမ်ယဉ်ကျေးမှု တည်ဆောက်ရေး၊ ခေတ်သစ် ဂျေဟာလီယသ် သည်ကို ဖော်ထုတ်ရှင်း လင်းခြင်း၊ ခေတ်သစ်ကျွန်ပြုမှုနှင့် ကိုလိုနီစနစ်ကို ဆန့်ကျင်ခြင်း၊ မတရားမှု၊ အာဏာရှင်စနစ်နှင့် အာဏာရှင် နိုင်ငံကြီးများကို ဆန့်ကျင်ရပ်တည်ခြင်း နှင့် အွန်မသ် ကို ဦးဆောင်ခြင်းတို့ကို ထမ်းဆောင်ပြီးနောက် မိမိ၏ အရှင်မြတ်ထံသို့ ဂုဏ်သိက္ခာရှိစွာ ပြန်လည်သွားရောက်ခဲ့ပါသည်။  ရှဟီးဒ် ခေါင်းဆောင်ကြီး ၏ အမည်သည် အေမာမ် အလီ (အ.စ ) နောက်ပိုင်း ရှဟီးဒ်ဖြစ်ခဲ့သော အာလင်မ်၊ မရ်ဂျအ်၊ အုပ်ချုပ်သူနှင့် ခေါင်းဆောင်အဖြစ် သမိုင်းတွင် ထာဝရကျန်ရစ်မည် ဖြစ်ပါသည်။

ကမ္ဘာ့မွတ်စလင်တို့၏ ကြီးမြတ်သော ခေါင်းဆောင်ကြီး ၏ ရှဟာဒတ်သည် အီရန်ပြည်သူများနှင့် အစ္စလာမ် အွန်မသ် ၏ နိုးကြားထမြောက်မှု (ဗေအ်စသ်သေအွန်မသ်) ၏ အစဖြစ်ခဲ့ပါသည်။ လေးလကျော်ကြာ အီရန်နိုင်ငံတစ်ဝန်း၌ ကျင်းပခဲ့သော အခမ်းအနားများနှင့် နိုင်ငံနှစ်နိုင်ငံရှိ မြို့ကြီး ငါးမြို့၌ ရှဟီးဒ်အေမာမ် အား သမိုင်းတွင် မကြုံဖူးသေးသော နှုတ်ဆက်ပို့ဆောင်ပွဲများတွင် လွတ်လပ်မှုကို မြတ်နိုးသည့် လူသန်းပေါင်းများစွာ ပါဝင်ခဲ့ကြပါသည်။ အကယ်၍ အခြေအနေများ ခွင့်ပြုခဲ့ပါက အစ္စလာမ်အွန်မသ် တစ်ရပ်လုံးသည်လည်း ဤသမိုင်းဝင်ဖြစ်ရပ်တွင် ပါဝင်လိုကြမည်မှာ သေချာပါသည်။ ဤသည်မှာ အွန်မသ် ၏ နိုးကြားထမြောက်မှု၊ မွတ်စလင်မ် များနှင့် လွတ်လပ်သူများ၏ အင်အား၊ အမေရိကန်နှင့် တရားမဝင် ဇီယွန်ဝါဒီအစိုးရကို ဆန့်ကျင် တိုက်ပွဲဝင်ရန် သန္နိဋ္ဌာန်၊ ဂျေဟာဒ် လမ်းစဉ်ကို ဆက်လက်လျှောက်လှမ်းရန်နှင့် အစ္စလာမ် ၏ ဂုဏ်သိက္ခာကို ပြန်လည်မြှင့်တင်ရန် ဆုံးဖြတ်ချက်ကို ဖော်ပြနေခြင်းဖြစ်ပါသည်။ ထိုလမ်းစဉ်ကို သူ၏ အရိုက်အရာကို ဆက်ခံသော ဟဇရသ် အာယာသွလ္လာဟ် ဆယက်ဒ် မွတ်ဂျ်သဗါ ဟိုစိုင်းန်နီ ခါမေနာအီ (ဟ.လ)၏ ဦးဆောင်မှုဖြင့် အောင်ပွဲရရှိသည့်တိုင်အောင်၊ ခေတ်သစ် အစ္စလာမ်ယဉ်ကျေးမှု တည်ဆောက်သည့်တိုင်အောင်၊ ကယ်တင်ရှင် (အေမာမ် မဲဟ်ဒီ (အ.ဂျ) ၏ ပေါ်ထွန်းမှုကို စောင့်မျှော်သည့်တိုင်အောင်၊ တရားမျှတမှုနှင့် ညီမျှမှုအပေါ် အခြေခံ သော နိုင်ငံတော် ပေါ်ပေါက်လာသည့်တိုင်အောင် ဆက်လက် လျှောက်လှမ်းသွားမည် ဖြစ်ပါသည်။

ကျွန်ုပ်သည် မိမိကိုယ်စား၊ မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ကိုယ်စား၊ ရှီအဟ်များ၊ မွတ်စလင်မ် ိများ၊ ကမ္ဘာ့တရားမျှတရေး လိုလားသူများနှင့် အွန်မသ် ၏ ခေါင်းဆောင်များ၊ ပညာရှင်များကိုယ်စား အီရန်ပြည်သူများ၊ အစ္စလာမ်အွန်မသ် ၊ အစိုးရများ၊ တာဝန်ရှိသူများ၊ ဘာသာရေးခေါင်းဆောင်များ၊ ပညာရှင်များ၊ တော်လှန်ရေး သမားများနှင့် ရှဟီးဒ် အေမာမ် ၏ လမ်းစဉ်ကို ချစ်မြတ်နိုးသူအားလုံး၏ မကြုံစဖူးသော ပါဝင်မှုနှင့် ပံ့ပိုးမှုအတွက် အထူးကျေးဇူးတင်ရှိပါသည်။ အစ္စလာမ်နိုင်ငံဖြစ်သော အီရန်တွင် ဒေသတွင်းနှင့် ကမ္ဘာ့အခြေ အနေများကြောင့် ဖြစ်ပေါ်ခဲ့သည့် ချို့ယွင်းချက်များကိုလည်း ကျယ်ပြန့်သော စိတ်ထားဖြင့် နားလည် ခွင့်လွှတ် ပေးကြရန် မျှော်လင့်ပါသည်။

အနန္တတန်ခိုးရှင် အလ္လာဟ်ဟို အရှင်မြတ် ထံ ဆုတောင်းမေတ္တာပို့သပါသည်။ ကျွန်ုပ်တို့အားလုံးအား အလ္လာဟ်ဟို အရှင်မြတ် နှင့် ပြုထားသော ကတိတော်ကို သစ္စာရှိစွာ ဆက်လက်ထိန်းသိမ်းနိုင်ရန်၊ ရှဟီးဒ်အေမာ် ၏ လမ်းစဉ်ကို ဆက်လက်လျှောက်လှမ်းနိုင်ရန်နှင့် အလ္လာဟ်ဟို အရှင်မြတ် ၏ နှုတ်ကပတ်တော်ကို မြှင့်တင်နိုင်ရန် စွမ်းအားတော် ပေးသနားတော်မူပါစေ။

ဝစ်စလာမ်ု အလိုင်ကွမ် ဝရဟ်မသုလ္လာဟိ ဝဘရကာတုဟ်

ရေဇာရမ်ဇာနီ
မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ အထွေထွေ အတွင်းရေးမှူးချုပ်

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha