အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အီရန် အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC) မြေပြင်တပ်ဖွဲ့မှူး မိုဟမ္မဒ် ကရ်မီ သည် ပါရှန်ပင်လယ်ကွေ့ ကမ်းရိုးတန်းဒေသများနှင့် ဟော်မုဇ်ရေလက်ကြားတွင် တပ်စွဲထားသော မဒီနာ မူနဝရဟ် စစ်ဌာနချုပ် လက်အောက်ရှိ စစ်ဆင်ရေးတပ်ဖွဲ့များအား သွားရောက်စစ်ဆေးခဲ့ပြီး ၎င်းတို့၏ စစ်ဆင်ရေးအခြေအနေနှင့် စစ်ရေးအသင့်ပြင်ဆင်ထားမှုများကို အကဲဖြတ်ခဲ့ပါတယ်။
IRGC ၏ ထုတ်ပြန်ချက်အရ ဗိုလ်ချုပ် ကရ်မီ က စစ်ဆေးရေးခရီးစဉ်အတွင်း IRGC မြေပြင်တပ်ဖွဲ့၏ အဆက်မပြတ် အသင့်ပြင်ဆင်ထားမှု၊ အထူးလေ့ကျင့်မှုများနှင့် ခိုင်မာသော တပ်ဖြန့်ချထားမှုတို့သည် ပါရှန်း ပင်လယ် ကွေ့ ရေပိုင်နက်အတွင်း ရေရှည်တည်တံ့သော လုံခြုံရေး၏ အခြေခံအုတ်မြစ်ဖြစ်ကြောင်း ပြောကြား ခဲ့ပါတယ်။
၎င်းက ယင်းဒေသတွင် တာဝန်ထမ်းဆောင်နေသော တပ်ဖွဲ့ဝင်များသည် ဂျီဟာဒီစိတ်ဓာတ်နှင့် အမြဲတမ်း သတိရှိမှု တို့ဖြင့် ရန်သူ၏ ရည်ရွယ်ချက်များကို တားဆီးကာကွယ်နေသည့် ခိုင်မာသော ကာကွယ်ရေးအင်အားအဖြစ် ရပ်တည် နေကြောင်းလည်း ပြောကြားခဲ့ပါတယ်။
ထို့အပြင် ဗိုလ်ချုပ် ကရ်မီက IRGC မြေပြင်တပ်ဖွဲ့သည် ဒေသအတွင်း လှုပ်ရှားမှုအားလုံးကို အဆက်မပြတ် စောင့်ကြည့်လျက်ရှိပြီး ဖြစ်ပေါ်လာနိုင်သည့် မည်သည့်ခြိမ်းခြောက်မှုကိုမဆို ရင်ဆိုင်နိုင်ရန် မိမိတို့၏ ကာကွယ် ရေးစွမ်းရည်များကို အမြဲတမ်း အားဖြည့်တည်ဆောက်ကာ ပြန်လည်ဖွဲ့စည်းနေကြောင်း ပြောကြားခဲ့ပါတယ်။
၎င်းက “အလ္လာဟ်၏ ကျေးဇူးတော်ဖြင့် အီရန်ပြည်သူများနှင့် လက်နက်ကိုင်တပ်ဖွဲ့များသည် မည်သည့် ရန်လိုတိုက်ခိုက်မှုကိုမဆို တုံ့ပြန်ရန် အပြည့်အဝ အသင့်ရှိနေပြီး၊ ကျဆုံးခဲ့သည့် ခေါင်းဆောင်နှင့် အခြားကျဆုံး စစ်ဘက်ခေါင်းဆောင်များ၏ သွေးကြွေးကိုလည်း မကြာမီ ပြန်လည်လက်စားချေမည်” ဟုလည်း ပြောကြားခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment