၂၂ ဇူလိုင် ၂၀၂၆ - ၁၁:၁၇
ဂါဇာအလယ်ပိုင်းတွင် အစ္စရေးအစိုးရ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မိသားစုဝင် ၆ ဦး ရှဟီးဒ်ဖြစ် သေဆုံး

ဂါဇာကမ်းမြောင်ဒေသအပေါ် အစ္စရေးအစိုးရ၏ တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေစဉ် ဂါဇာမြို့ရှိ ၎င်းတို့၏ နေအိမ်ကို လေကြောင်းမှ တိုက်ခိုက်ခံရမှုကြောင့် ပါလက်စတိုင်း လင်မယားနှစ်ဦးနှင့် ၎င်းတို့၏ သားသမီးလေးဦး စုစုပေါင်း မိသားစုဝင် ၆ ဦး ရှဟီးဒ် ဖြစ် သေဆုံးခဲ့ပါတယ်။ တစ်ချိန်တည်းမှာပင် အစ္စရေးတပ်ဖွဲ့များသည် ဒေးရ် အယ်လ်ဘာလဟ် မြို့၏ အရှေ့ပိုင်းသို့ မြေပြင်စစ်ဆင်ရေးဖြင့် တိုးချဲ့ဝင်ရောက်ကာ နေရာအသစ်များကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ပါလက်စတိုင်း အနီရောင်လခြမ်းအသင်း (Palestine Red Crescent Society) က ဂါဇာမြို့ အယ်လ်ဆာမရ် ရပ်ကွက်ရှိ နေအိမ်အဆောက်အအုံတစ်ခု၏ အပျက်အစီးအောက်မှ ဖရာစ် အယ်လ်မစ်စရီ နှင့်  ၎င်း၏ ဇနီး ဆယ်လ် ဆဘီလ် မိုဟမ္မဒ် အယ်လ်မစ်စရီ နှင့် ၎င်းတို့၏ သားသမီးလေးဦး၏ ရုပ်အလောင်းများကို ဆယ်ယူ တွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ အယ်လ်ရှီဖာ ဆေးရုံမှ သတင်းရင်းမြစ်များ၏ အဆိုအရ၊ လေကြောင်း တိုက်ခိုက်မှု ကြောင့် ဖြစ်ပွားခဲ့သော မီးလောင်ကျွမ်းမှုကြောင့် မိသားစုဝင်များ၏ ရုပ်အလောင်းများမှာ အလွန် ပြင်းထန်စွာ လောင်ကျွမ်းခဲ့ပါတယ်။

ထို့အပြင် ဂါဇာ အရပ်ဘက်ကာကွယ်ရေးအဖွဲ့ကလည်း ယင်းတိုက်ခိုက်မှုဖြစ်ပွားရာ နေရာရှိ အကြီးစား မီးလောင်မှု ကို ထိန်းချုပ်နိုင်ခဲ့ကြောင်း ကြေညာခဲ့ပါတယ်။

တစ်ချိန်တည်းမှာပင် အစ္စရေးတပ်၏ အမြောက်တပ်က ဂါဇာမြို့ အယ်လ်ဇေတုန် ရပ်ကွက်၏ အရှေ့တောင်ပိုင်း ဒေသများ ကို အမြောက်ဖြင့် ပစ်ခတ်ခဲ့ပြီး၊ အစ္စရေးတပ်၏ တင့်ကားများနှင့် စစ်သုံး ဘူဒိုဇာများ သည် ဒေးရ်အယ်လ်ဘာလဟ် မြို့၏ အရှေ့ပိုင်းသို့ တိုးဝင်ကာ မြေယာများကို ဖျက်ဆီးခဲ့ကြပါတယ်။

ဂါဇာ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ၊ ၂၀၂၃ ခုနှစ် အောက်တိုဘာလမှ စတင်ခဲ့သည့် အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် သေဆုံးသူအရေအတွက်မှာ ၇၃,၂၉၃ ဦးအထိ ရှိလာပြီး၊ ဒဏ်ရာရရှိသူမှာ ၁၇၃,၉၀၆ ဦး ရှိလာခဲ့ပါတယ်။ ထို့အပြင် ၂၀၂၅ ခုနှစ် အောက်တိုဘာလတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် စတင်အကောင်အထည်ဖော်ပြီးနောက်ပိုင်းမှစ၍ ပါလက်စတိုင်းလူမျိုး ၁,၁၆၈ ဦး သေဆုံးခဲ့ပြီး၊ ၃,၇၉၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်းလည်း ဖော်ပြထားပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha