အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr သတင်းဌာန၏ ဖော်ပြချက်အရ အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်သည် ဘာရိန်းနိုင်ငံရှိ အမေရိကန် ကုမ္ပဏီ Amazon ၏ အဓိကဒေတာအခြေခံအဆောက်အအုံကို ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
အသေးစိတ်အရ IRGC ၏ ပြည်သူ့ဆက်ဆံရေးဌာနက "နဆ်ရ် ၂ " စစ်ဆင်ရေး ၏ (၂၄) ကြိမ်မြောက်အဆင့်နှင့် ပတ်သက်သည့် ထုတ်ပြန်ချက်တွင် လေတပ်တပ်ဖွဲ့များသည် ခရုဇ်ဒုံးကျည်များကို အသုံးပြု၍ ဘာရိန်းရှိ Amazon ကုမ္ပဏီ ၏ အဓိကဒေတာအခြေခံအဆောက်အအုံကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီး ဖျက်ဆီးနိုင်ခဲ့ကြောင်း ဖော်ပြ ထားပါတယ်။
ထုတ်ပြန်ချက်တွင် ယင်းတိုက်ခိုက်မှုသည် ယမန်နေ့က အမေရိကန်စစ်တပ်က Darkhoveyn ဒေသရှိ ဆောက်လုပ် ဆဲ အရပ်ဘက်အဆောက်အအုံများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းအပေါ် တုံ့ပြန် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ဖော်ပြထားပါတယ်။
IRGC က ၎င်း၏ ထုတ်ပြန်ချက်တွင် ယခုတိုက်ခိုက်မှုသည် "ဖိနှိပ်သူများကို အရေးနိမ့်စေရန်နှင့် ရန်သူ၏ လုပ်ရပ် များကို တုံ့ပြန်ရန်" ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ထို့အပြင် အီရန်ပြည်သူများနှင့် လက်နက်ကိုင်တပ်ဖွဲ့များသည် ရန်သူ၏ ရန်လိုကျူးကျော်မှုများကို ရင်ဆိုင်ရာတွင် မိမိတို့၏ ကာကွယ်ရေးဆောင်ရွက်မှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက် တွင် ဖော်ပြထားပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment