၁၄ ဩဂုတ် ၂၀၂၆ - ၂၃:၅၂
အနောက်ပိုင်း ယီမင်တွင် ဆော်ဒီအာရေဗျ ကျောထောက်နောက်ခံပြု တပ်ဖွဲ့များကို ယီမင်တပ်မတော်က ဒုံးကျည် နှင့် ဒရုန်းများဖြင့် တိုက်ခိုက်

ယီမင်သတင်းရင်းမြစ်များ၏အဆိုအရ အနောက်ပိုင်းကမ်းရိုးတန်းဒေသများရှိ ဆော်ဒီအာရေဗျကို ထောက်ခံ သည့် တိုက်ခိုက်ရေးသမားများ ၏ စခန်းများနှင့် အခြေစိုက်စခန်းများကို ပဲ့ထိန်းဒုံးကျည်များနှင့် ဒရုန်းများဖြင့် ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr သတင်းအေဂျင်စီ ၏ သတင်းအရ အနောက်ပိုင်းယီမင် ကမ်းရိုးတန်းဒေသများရှိ ဆော်ဒီအာရေဗျ ကျောထောက်နောက်ခံပြု တပ်ဖွဲ့များ၏ အခြေစိုက်စခန်းများအပေါ် ဒုံးကျည်များနှင့် ဒရုန်းများဖြင့် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာပါတယ်။

ဒေသခံသတင်းရင်းမြစ်များက အနောက်ပိုင်းယီမင် ကမ်းရိုးတန်းဒေသများရှိ ဆော်ဒီအာရေဗျနှင့် ဆက်နွှယ်သည့် တပ်ဖွဲ့များ၏ အခြေစိုက်စခန်းများကို ဒုံးကျည်များနှင့် ဒရုန်းများဖြင့် ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

အလားတူ Al-Khokha နှင့် Al-Mokha ဒေသများရှိ အဆိုပါတပ်ဖွဲ့များ၏ အခြေစိုက်စခန်းများကိုလည်း ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာပါတယ်။

သို့သော် ယခုအချိန်အထိ အဆိုပါတိုက်ခိုက်မှုများကြောင့် ဖြစ်ပေါ်ခဲ့နိုင်သည့် သေဆုံးသူများ သို့မဟုတ် ပျက်စီးဆုံးရှုံးမှုများနှင့် ပတ်သက်၍ အသေး စိတ်အချက်အလက်များကို ထပ်မံထုတ်ပြန်ခြင်း မရှိသေးကြောင်း သိရပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha