အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Tasnimသတင်းဌာန ၏ အစီရင်ခံစာအရ ဖော်ပြချက်အရ တောင်ကိုရီးယားသည် လာမည့်လတွင် ပြုလုပ်ရန် စီစဉ်ထားသည့် အမေရိကန်-တောင်ကိုရီးယား ပူးတွဲ ကုန်းရေတပ်ဆင်း စစ်ရေးလေ့ကျင့်မှုကို အမေရိကန်ဘက်မှ အီရန်စစ်ပွဲနှင့် ဆက်နွှယ်သော တပ်ဖွဲ့ဝင်များ အသုံးပြုနိုင်မှု အကန့်အသတ်များကြောင့် ဖျက်သိမ်းလိုက်ကြောင်း ပြောကြားခဲ့ပါတယ်။
တောင်ကိုရီးယား မရိန်းတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဟန်ဆောင်ဂျွန်က သတင်းစာရှင်းလင်းပွဲတွင် အမေရိကန် မရိန်းတပ်ဖွဲ့သည် ဇွန်လအတွင်း ယခုနှစ် “Ssangyong” (ရှန်ယုံ) စစ်ရေးလေ့ကျင့်မှုတွင် တပ်ဖွဲ့ဝင်များ စေလွှတ်နိုင်စွမ်းမှာ အရှေ့အလယ်ပိုင်းဒေသ၏ အခြေအနေကြောင့် အကန့်အသတ်ရှိမည်ဖြစ်ကြောင်း တောင်ကိုရီးယား ဘက်သို့ တရားဝင် အသိပေးခဲ့သည်ဟု ဆိုပါတယ်။
၎င်းက ဆိုးလ်နှင့် ဝါရှင်တန်တို့သည် အဆိုပါ ကုန်းရေတပ်ဆင်း စစ်ရေးလေ့ကျင့်မှုကို ပြန်လည် စတင်နိုင်ရေး အတွက် ဆက်လက်ဆွေးနွေးနေကြဆဲဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment