အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ကူဝိတ်သည် ၂၀၂၆ ခုနှစ် ဥပဒေအမိန့်အမှတ် ၈၁ ကို ထုတ်ပြန်ခဲ့ပြီး၊ လွန်ခဲ့သော နှစ်ပေါင်း ၇၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် အစိုးရအား အနာဂတ်မျိုးဆက်များအတွက် သိမ်းဆည်းထားသည့် ရန်ပုံငွေမှ ချေးယူကာ နိုင်ငံတော်ဘဏ္ဍာရေးကို ထောက်ပံ့ရန် ခွင့်ပြုခဲ့ပါတယ်။
ထိုဥပဒေအမိန့်ကို အစိုးရပိုင် “အလ်-ကူဝိတ် အလ်-ယောင်မ်” သတင်းစာတွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါ ဥပဒေအရ ဝန်ကြီးများကောင်စီ၏ အတည်ပြုချက်နှင့် စီးပွားရေးရေးရာနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး၏ အဆိုပြုချက် တို့အပေါ် အခြေခံ၍ အစိုးရသည် ကူဝိတ်ရင်းနှီးမြှုပ်နှံမှုအာဏာပိုင်အဖွဲ့ (Kuwait Investment Authority) က စီမံခန့်ခွဲနေသည့် ထိုရန်ပုံငွေမှ ချေးယူနိုင်မည်ဖြစ်သည်။ ထိုချေးငွေကို အစိုးရ၏ လက်ရှိအသုံးစရိတ်များကို ဖြည့်ဆည်းပေးနေသော အထွေထွေအရန်ရန်ပုံငွေ (General Reserve Fund) အား ထောက်ပံ့ရန် အသုံးပြုမည်ဖြစ်ပါတယ်။
ဆောင်းပါးအကျဉ်းချုပ်
ဒေသတွင်းစစ်ပွဲသည် ကူဝိတ်နိုင်ငံကို စီးပွားရေးအရ အကြီးအကျယ် ပျက်စီးယိုယွင်းသည့်အခြေအနေသို့ တွန်းပို့လိုက်ပါတယ်။
တစ်ချိန်က ဒေါ်လာ ၁.၀၇ ထရီလီယံ တန်ဖိုးရှိ အမျိုးသားကြွယ်ဝမှုရန်ပုံငွေဖြင့် ကမ္ဘာ့အချမ်း သာဆုံးနိုင်ငံများ ထဲတွင် ပါဝင်ခဲ့သော ကူဝိတ်သည် ယခုအခါ ဒေဝါလီမခံရစေရန် အနာဂတ်မျိုးဆက်များအတွက် သိမ်းဆည်း ထားသည့် ရန်ပုံငွေထဲမှ ပထမဆုံးအကြိမ် ချေးယူရန် အတင်းအကျပ် ဖြစ်လာပါတယ်။
ကူဝိတ်သည် ၂၀၂၆ ခုနှစ် ဥပဒေအမိန့်အမှတ် ၈၁ ကို ထုတ်ပြန်ပြီး ဝန်ကြီးများကောင်စီ၏ အတည်ပြုချက်ဖြင့် ထိုရန်ပုံငွေမှ အထွေထွေဘဏ္ဍာရန်ပုံငွေကို ထောက်ပံ့ရန် ချေးယူခွင့်ပြုခဲ့ပါတယ်။
နှစ်စဉ် ချေးယူနိုင်သည့် ပမာဏသည် ထိုရန်ပုံငွေ၏ ၅ နှစ်တာ ပျမ်းမျှအမြတ်ရရှိမှု ထက် မပိုရဘဲ၊ စုစုပေါင်း ချေးငွေ ပမာဏ မှာလည်း ရန်ပုံငွေ၏ စုစုပေါင်းတန်ဖိုး ၁၀ ရာခိုင်နှုန်း ထက် မကျော်လွန်ရမည်ဖြစ်ပါတယ်။
ထိုရန်ပုံငွေကို **၁၉၇၆ ခုနှစ်**တွင် တည်ထောင်ခဲ့ပြီး လက်ရှိတွင် ဒေါ်လာ ၁.၀၇ ထရီလီယံ ခန့်အထိ ရှိပါတယ်။
ဤအကျပ်အတည်းသည် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ပိတ်ဆို့ခံရခြင်းကြောင့် ဖြစ်ပေါ်လာခဲ့ပြီး၊ ယင်းကြောင့် ကူဝိတ်၏ ရေနံတင်ပို့မှုမှာ ပြင်းထန်စွာ ထိခိုက်ခဲ့ပါတယ်။
ကူဝိတ်၏ ရေနံထုတ်လုပ်မှုသည် တစ်ရက်လျှင် စည်ပေါင်း ၂.၅၈ သန်း မှ စည်ပေါင်း ၅၇၀,၀၀၀ သို့ ကျဆင်း သွားခဲ့ပြီး၊ ရက်ပေါင်း ၄၀ အတွင်း ဒေါ်လာ ၇.၁၇၆ ဘီလီယံ ဆုံးရှုံးခဲ့သည်ဟု ဆိုပါတယ်။
နိုင်ငံတကာအဖွဲ့အစည်းများ၏ ခန့်မှန်းချက်များအရ ၂၀၂၆ ခုနှစ်တွင် ကူဝိတ်၏ စီးပွားရေးသည် ၇.၉ ရာခိုင်နှုန်းမှ ၁၃ ရာခိုင်နှုန်းအထိ ကျုံ့ဝင်သွားနိုင်ပါတယ်။
ကူဝိတ်သည် အမေရိကန်၏ နီးကပ်သော မဟာမိတ်နိုင်ငံတစ်နိုင်ငံဖြစ်ပြီး အီရန်၏ သတိပေးချက် များရှိ သော်လည်း အမေရိကန်စစ်စခန်းများကို လက်ခံထားရှိရန် ဆက်လက်အခိုင်အမာ ရပ်တည်ခဲ့သည်။ ထို့အပြင် ဟော်မုဇ်ရေလက်ကြားကို အစားထိုးအသုံးပြုနိုင်မည့် လမ်းကြောင်းများ ၊ ဥပမာ ပိုက်လိုင်းများ ၊ မရှိသည့်အတွက် ကူဝိတ် သည် ထိုရေလက်ကြားအပေါ် လုံးဝနီးပါး မှီခိုနေရပါတယ်။
ဟော်မုဇ်ရေလက်ကြားအပေါ် အီရန်၏ အချုပ်အခြာအာဏာနှင့် လုံခြုံရေးဆိုင်ရာ ဥပဒေများကို လျစ်လျူရှု ခဲ့ခြင်း၏ ရလဒ်အနေဖြင့် ကူဝိတ်သည် အထိခိုက်ဆုံးနိုင်ငံဖြစ်လာခဲ့ပြီး ယခုအခါ ဘတ်ဂျက်လိုငွေကို ဖြည့်ဆည်း ရန် ၎င်း၏ အမျိုးသားရန်ပုံငွေကို အသုံးပြုရန် အတင်းအကျပ် ဖြစ်လာခဲ့ပါတယ်။
ရေးသားသူ — အယ်လ်ဟမ် မိုအဇ်ဇနီ
အကျဉ်းချုပ်နှင့် ဘာသာပြန် — အဘူ ဖရ်ဝါ၊ အဗ်နာ မြန်မာပိုင်း
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment