အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr သတင်းဌာန ၏ အစီရင်ခံစာအရ ၎င်းက မာကာဇီပြည်နယ်အတွင်း မီဒီယာများနှင့် တွေ့ဆုံစဉ် ရန်သူက ယနေ့ ပစ်မှတ် ၂ ခု သို့မဟုတ် ၃ ခုကို တိုက်ခိုက်ပါက အီရန်သည် နေရာ ၂၀ ကို ပစ်မှတ်ထား တိုက်ခိုက်နိုင်စွမ်းရှိကြောင်း ပြောကြားခဲ့ပါတယ်။
၎င်းက လက်ရှိအခြေအနေကို ဘက်ပေါင်းစုံပါဝင်သည့် စစ်ပွဲ တစ်ရပ်အဖြစ် သတ်မှတ်ခဲ့ပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ နည်းပညာ၊ စစ်ရေးနှင့် မီဒီယာ စစ်မျက်နှာများသည် တစ်ချိန်တည်းတွင် တက်ကြွ နေကြောင်း ပြောပါတယ်။
ဗိုလ်ချုပ် ဟိုစိုင်းန် မိုဟစ်ဘီ က ယနေ့ခေတ်စစ်ပွဲတွင် ရည်ရွယ်ချက်သည် စစ်ရေးအရ ထိခိုက်ဆုံးရှုံးမှု ဖြစ်စေရုံသာမက ရန်သူသည် ပြည်သူများ၏ အတွေးအမြင်၊ ယုံကြည်မှုနှင့် ဆုံးဖြတ်ချက်များအပေါ် သက်ရောက်မှုရှိစေကာ ၎င်းတို့၏ စိတ်ဓာတ်ကို အားနည်းစေရန် ကြိုးပမ်းနေကြောင်း ပြောကြားခဲ့ ပါတယ်။ ထို့ကြောင့် မီဒီယာသည်လည်း စစ်ပွဲ၏ အရေးပါသော စစ်မျက်နှာတစ်ခု ဖြစ်လာပြီဟု ဆိုပါတယ်။
အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်၏ ပြောရေးဆိုခွင့်ရှိသူက ဉာဏ်ရည်တု (AI)၊ ဒရုန်းများ၊ ခေတ်မီအာရုံခံကိရိယာများနှင့် ကွပ်ကဲထိန်းချုပ်ရေးစနစ်များ ကြောင့် စစ်ပွဲ၏ အရှိန်အဟုန် ပြောင်းလဲ သွားပြီး ပစ်မှတ်ကို ဖော်ထုတ်သိရှိခြင်းမှ စစ်ဆင်ရေးလုပ်ဆောင်ခြင်းအထိ ကြာမြင့်ချိန်သည် အလွန် တိုတောင်း လာကြောင်း ပြောပါတယ်။
တစ်ဖက်တွင်လည်း ဒေသတွင်း တင်းမာမှုများ၏ သက်ရောက်မှုသည် ကမ္ဘာ့စီးပွားရေးနှင့် စွမ်းအင် ပို့ဆောင်ရေး အထိ ရောက်ရှိလာပြီး ဟော်မုဇ်ရေလက်ကြား သည် ကမ္ဘာ့စွမ်းအင်ဆိုင်ရာ ဒေသတွင်း အခြေအနေသစ်များတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေကြောင်း ၎င်းက ဆိုပါတယ်။
ထို့အပြင် အီရန်သည် ၎င်း၏ ဒုံးကျည်စွမ်းရည်နှင့် နျူကလီးယားစွမ်းရည်များနှင့် ပတ်သက်၍ ပြင်ပမှ ဝင်ရောက်စွက်ဖက်မှု မည်သည့်အရာကိုမျှ လက်ခံမည်မဟုတ်ကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။
လက်ရှိအခြေအနေတွင် မီဒီယာ၏ တာဝန်နှင့်ပတ်သက်၍လည်း အလေးပေးပြောကြားခဲ့ပြီး ယနေ့ မီဒီယာ၏တာဝန်သည် သတင်းပေးပို့ရုံသာမက မှန်ကန်သော အချက်အလက်များ၊ နိုင်ငံ၏ ကာကွယ်ရေးနှင့် သိပ္ပံနည်းပညာဆိုင်ရာ စွမ်းရည်များ၊ ပြည်သူများ၏ စည်းလုံးညီညွတ်မှုတို့ကို ထိရောက်စွာ ဖော်ပြပေးရန်လည်း ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment