အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr News Agency ၏ သတင်းအရ အစ္စရေးမီဒီယာများက တောင်ပိုင်းလက်ဘနွန်ရှိ အလီအလ်သွာဟေရ် တောင်ကုန်းများမှ အစ္စရေးတပ်ဖွဲ့၏ အကန့်အသတ်ဖြင့် ဆုတ်ခွာမှုအကြောင်း သတင်းဖော်ပြခဲ့ပါတယ်။
သတင်းများအရ အစ္စရေးတပ်ဖွဲ့သည် အဆိုပါဒေသမှ ရှကီးဖ်ခံတပ်ဘက်သို့ ဆုတ်ခွာခဲ့ပြီး တောင်ပိုင်းလက်ဘနွန် နယ်စပ်တစ်လျှောက်တွင် တပ်ဖွဲ့များ တပ်ဖြန့်ချထားမှု အစီအစဉ်သစ်များကို ဆက်လက်သုံးသပ်နေပါတယ်။
ဇီယွန်ဝါဒီအစိုးရသည် အလီအလ်သွာဟေရ် ဒေသတွင် စစ်တပ်တပ်ဖြန့်ချထားမှု အစီအစဉ်သစ်များကို ပြန်လည်သုံးသပ်နေပါတယ်။ အစ္စရေး ရေဒီယိုနှင့် ရုပ်မြင်သံကြားကော်ပိုရေးရှင်း၏ အဆိုအရ တောင်ပိုင်းလက်ဘနွန်တွင် အစ္စရေးတပ်ဖွဲ့များ၏ နောက်ဆုံးတပ်ဖြန့်ချထားမှု အခြေအနေကို သတ်မှတ်နိုင်ရန် စစ်ဘက်နှင့် နိုင်ငံရေးအာဏာပိုင်များအကြား ဆွေးနွေးမှုများလည်း ဆက်လက်ပြုလုပ်နေပါတယ်။
ထိုအတောအတွင်း ဇီယွန်ဝါဒီ အစ္စရေး ကာကွယ်ရေးဝန်ကြီး ယစ်စ်ရာအဲလ် ကတ်ဇ်က အလီအလ်သွာဟေရ် တောင်ကုန်းများသည် အစ္စရေး၏ သတ်မှတ်ထားသော Yellow Line နှင့် လုံခြုံရေးဇုန်၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
၎င်းက ဟစ်ဇ်ဘိုလာအဖွဲ့ လက်နက်ဖြုတ်သိမ်းခြင်း မပြုလုပ်မချင်း အစ္စရေးသည် အဆိုပါဒေသမှ တပ်ဖွဲ့များကို ပြန်လည်ရုပ်သိမ်းမည်မဟုတ်သကဲ့သို့ တပ်သားများကိုလည်း ရွှေ့ပြောင်းမည်မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။
ထို့အပြင် အဆိုပါတောင်ကုန်းများသို့ ပြန်လည်ဝင်ရောက်ရန် ကြိုးပမ်းမှုများနှင့်ပတ်သက်၍ ခြိမ်းခြောက်ပြောဆိုခဲ့ပြီး အစ္စရေးတပ်ဖွဲ့သည် ဒေသအတွင်း ဟစ်ဇ်ဘိုလာ၏ မည်သည့်လှုပ်ရှားမှုကိုမဆို တုံ့ပြန်ရန် အသင့်ရှိကြောင်း၊ ထိုနယ်နိမိတ်အနီးသို့ ချဉ်းကပ်လာသူ မည်သူမဆို ပစ်မှတ်ထားတိုက်ခိုက်ခံရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
မှတ်သားရမည်မှာ အစ္စရေးသည် မတ်လ ၂ ရက်နေ့မှစ၍ လက်ဘနွန်အပေါ် အကြီးစားတိုက်ခိုက်မှုများ စတင်ပြုလုပ်ခဲ့ပြီး ယင်းတိုက်ခိုက်မှုများကြောင့် လက်ဘနွန်အရပ်သား အများအပြား သေဆုံးဒဏ်ရာရခဲ့သည့်အပြင် လူပေါင်း ၁၀ သိန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။
ပြီးခဲ့သည့်လတွင် အမေရိကန်၏ ကြားဝင်ညှိနှိုင်းမှုဖြင့် အစ္စရေးနှင့် ဟစ်ဇ်ဘိုလာအကြား စစ်ပွဲအဆုံးသတ်ရန် ရည်ရွယ်သည့် မူဘောင်သဘောတူညီချက်တစ်ရပ် ရရှိခဲ့သော်လည်း အဆိုပါသဘောတူညီချက်သည် ပြင်းထန်သော ဝေဖန်မှုများနှင့် ရင်ဆိုင်နေရပါတယ်။
ဝေဖန်သူများက သဘောတူညီချက်၏ ဥပဒေရေးရာအဆင့်အတန်းနှင့်ပတ်သက်၍ မရှင်းလင်းမှုများရှိနေခြင်းနှင့် လက်ဘနွန်နယ်မြေမှ အစ္စရေးတပ်ဖွဲ့များ ဆုတ်ခွာရန်အတွက် တိကျသော အချိန်ဇယား သတ်မှတ်ထားခြင်းမရှိသည့်အပေါ် မေးခွန်းထုတ်ထားကြပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment