အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr သတင်းဌာန ၏ အစီရင်ခံစာအရ အမေရိကန် ရုပ်သံမီဒီယာ CBS News သည် ဓာတ်ပုံအသစ်များ ထွက်ပေါ်လာကြောင်း သတင်းဖော်ပြခဲ့ပြီး၊ အဆိုပါဓာတ်ပုံများတွင် အီရန်၏ ဒုံးကျည်နှင့် ဒရုန်းတိုက်ခိုက်မှုများအပြီး ဒေသတွင်းရှိ အမေရိကန် စစ်ဘက်ဆိုင်ရာ နေရာအများအပြားတွင် ဖြစ်ပေါ်ခဲ့သည့် ကျယ်ပြန့်သော ပျက်စီးဆုံးရှုံးမှုများ ကို တွေ့မြင်ရသည်ဟု ဆိုပါတယ်။
အစီရင်ခံချက်အရ အဆိုပါဓာတ်ပုံများကို အမေရိကန်စစ်တပ်တွင် တာဝန်ထမ်းဆောင်နေသော စစ်သည်များက ၎င်းတို့၏ ကိုယ်ရေးအချက်အလက်များကို မဖော်ပြဘဲ CBS သတင်းဌာနထံ ပေးပို့ခဲ့ခြင်းဖြစ်သည်။ ထိုစစ်သည်များက မိမိတို့၏ အမည်နှင့် ကိုယ်ရေးအချက်အလက်များကို ဖော်ပြခြင်းမပြုရသည့် အကြောင်းရင်းမှာ အမေရိကန်စစ်တပ်အတွင်း မီဒီယာနှင့်ပတ်သက်၍ ချမှတ်ထားသော တင်းကျပ်သည့် ကန့်သတ်ချက်များ ကြောင့်ဖြစ်သည်ဟု ပြောကြားခဲ့ပါတယ်။
အမေရိကန်စစ်သည်တစ်ဦးက CBS News သို့ ပြောကြားရာတွင် အမေရိကန် စစ်အခြေစိုက်စခန်းများသည် သိသိသာသာ ထိခိုက်ပျက်စီးခဲ့သော်လည်း အမေရိကန်ပြည်သူများအား ထိုအခြေအနေကို အသိပေးထားခြင်း မရှိခဲ့ကြောင်းပြောဆိုခဲ့ပါတယ်။
CBS News ၏ ဖော်ပြချက်အရ ဆော်ဒီအာရေဗျနိုင်ငံရှိ Prince Sultan Air Base (မင်းသား ဆူလ်တန် လေတပ်အခြေစိုက်စခန်း) ၏ ဓာတ်ပုံတစ်ပုံတွင် အင်ဂျင်လေးလုံးတပ် Boeing E-3 Sentry လေယာဉ်တစ်စင်းကို တိုက်ရိုက်တိုက်ခိုက်ခံရပုံကို တွေ့ရပါတယ်။
ထိုတိုက်ခိုက်မှုကြောင့် လေယာဉ်၏ နောက်ပိုင်းအစိတ်အပိုင်းသည် လေယာဉ်ကိုယ်ထည်မှ ကွာထွက်သွားခဲ့သည် ဟု သတင်းတွင် ဖော်ပြထားပါတယ်။





++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment